တောင်ကိုရီးယား အနုပညာလောကမှာ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ သရုပ်ဆောင်တွေကို ချစ်စနိုးနဲ့ ဘုရင် ၊ ဘုရင်မဆိုပြီး နာမည်တပ်ခေါ်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း  သူတို့ထဲက တချို့သရုပ်ဆောင်တွေကတော့ တော်ဝင်သွေးပါတဲ့ တော်ဝန်မျိုးရိုးကနေ ဆင်းသတ်လာကြတဲ့သူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ က ချမ်းသာကြွယ်ဝပြီး တော်ဝင်မျိုးရိုးကနေ ဆင်းသတ်လာကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးသွားပါမယ်နော်။ 

Google 

Lee Seung Gi

Google 

တောင်ကိုရီးယားမင်းသား Lee Seung Gi ဟာဆိုရင် သရုပ်ဆောင်ကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်ရုံသာမက တော်ဝင်မျိုးနွယ် တစ်ယောက်လည်းဖြစ်ပါတယ်။ 

 ထွက်ရှိလာတဲ့ သတင်းတွေအရ Vagabond သရုပ်ဆောင် မင်းသား Lee Seung Gi ဟာ ဂျိုဆန်မင်းဆက်ရဲ့ မျိုးနွယ်ကနေ ဆင်းသတ်လာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

Google 

Lee Seung Gi ဟာ Sejong ရဲ့ ဘုရင်ကြီး Sejong ရဲ့ အစ်ကိုကြီး ၊ ဂျိုဆန်းပြည်ရဲ့ ဘုရင်ကြီး Taejong နဲ့ ကြင်ယာတော် Wongyeong တို့ရဲ့ ပထမဦးဆုံး သားတော် မင်းသား Yang Yeong ရဲ့ မျိုးရိုးကနေ ဆင်းသက်လာတဲ့သူလို့ သိရပါတယ်။ 

တောင်ကိုရီးယားမင်းသား Lee Seung Gi ဟာ မင်းမျိုးမင်းနွယ်တစ်ယောက်ဖြစ်တဲ့ အလျောက် နန်းတွင်းဇာတ်ကားတွေကိုလည်း ပီပီပြင်ပြင်ရိုက်ကူးနိုင်တဲ့သူဖြစ်ပါတယ်။ တော်ဝင်မျိုးရိုးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူဆိုပေမယ့် Lee Seung Gi က မာနထောင်လွှားခြင်းမရှိဘဲ အင်မတန်မှာ အနေအထိုင် သိမ်မွေ့ ပျက်သားတဲ့ မင်းသားတစ်လတ်ဖြစ်ပါတယ်။ 

Lee Da In နဲ့ Lee Yoo Bi

Google 
Google 

မင်းသား Lee Seung Gi ရဲ့ ချစ်သူကောင်မလေး Lee Da In နဲ့ ညီမ Lee Yoo Bi တို့ဟာလည်း မင်းမျိုးမင်းနွယ်ကနေ ဆင်းသက်လာကြတဲ့ သူတွေဖြစ်တယ်လို့ သိရှိရပါတယ်။ 

Google 

Lee Da In နဲ့ ညီမ Lee Yoo Bi တို့ရဲ့ မိခင်ကြီး Kyeon Mi Ri နဲ့ Im Young Gyu အပြင် ပထွေးဖြစ်သူ Lee Hong Heon ဟာဆိုရင်လည်း အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့ မျိုးရိုးက တော်ဝန်မျိုးရိုးဖြစ်ပြီး ဆွေမျိုးတွေကလည်း တော်ဝင် မျိုးရိုးကနေ ဆင်းသက်လာတာဖြစ်တယ်လို့ သိရပါတယ်။ Lee Da In က မင်းသား Lee Seung Gi ရဲ့ ချစ်သူဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းက  နဲ့ Doctor Prisoner ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Choi Si Won

Google 

တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် Choi Si Won ဟာဆိုရင်လည်း ချမ်းသာတဲ့ မျိုးရိုးကနေ ဆင်းသက်လာတဲ့သူမဟုတ်ဘဲ တော်ဝန်မျိုးရိုးကနေ ဆင်းသက်လာတဲ့သူဖြစ်ပါတယ်။ Choi Si Won က ဂျိုဆန်းခေတ်ရဲ့ ၂၅ ဆက်မြောက် မင်းဆက်ဘုရင် King Cheoljong နဲ့ အမျိုးတော်စပ်တယ်လို့ သိရပါတယ်။ 

Google 

တော်ဝန် မျိုးနွယ်ကနေ ဆင်းသတ်လာတဲ့ သူဖြစ်တာကြောင့် Choi Si Won ရဲ့ ရုပ်ရည်က ထူးခြားခန့်ညားပြီး ကြည့်ရတာ အရမ်းကို တည်ကြည်ဖြောင့်မတ်လွန်းလှပါတယ်။ Choi Si Won က Super Junior အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းလည်း အရမ်းတော်တဲ့ မင်းသားတစ်လတ်ဖြစ်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။