တောင်ကိုရီးယားမင်းသား Lee Jung-jae ဟာဆိုရင် Squid Game ဇာတ်လမ်းတွဲရဲ့ ၇၄ ကြိမ်မြောက် Emmy Awards ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆုကိုရရှိခဲ့ပါတယ်။

Google 

မင်းသားကြီး Lee Jung-jae က လက်ရှိမှာ အောင်မြင်နေတဲ့ မင်းသားတစ်လတ်ဖြစ်ပေမယ့် သူ့ဘဝရဲ့ ပွဲဦးထွက်က ထင်ထားသလောက် မရိုးရှင်းခဲ့ပါဘူး။ Lee Jung-jae က မိသားစုတစ်စုရဲ့ သားလတ်ဖြစ်ပေမယ့် အစ်ကိုအကြီးဆုံးက မသန်စွမ်းတစ်ယောက်ဖြစ်နေတာကြောင့် အစ်ကိုကြီး တာဝန်ကို ယူခဲ့ရပါတယ်။ 

Google 

Lee Jung-jae ဟာ သေးငယ်တဲ့ အခန်းလေးထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေထိုင်ခဲ့ရပြီး မိသားစုကို အလုပ်မျိးစုံ လုပ်ရင်း စောင့်ရှောက်ခဲ့ရတဲ့သူဖြစ်ပါတယ်။ မိသားစုက သားတစ်ယောက်လိုမျိးရော သမီးတစ်ယောက်လိုမျိးရော စောင့်ရှောက်မှုတွေ ပေးခဲ့ရတဲ့ မင်းသားကြီး Lee Jung-jae ဟာ အဆင်မပြေတဲ့ ကြားထဲကနေ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 

Lee Jung-jae ဟာ ကျောင်းကောင်း တက္ကသိုလ်ကောင်းတစ်ခုမှာ တက်ရောက်ဖို့အတွက် အိပ်မက်တွေ ရှိခဲ့ပေမယ့်လည်း အမှတ်မမီတာကြောင့် ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။  Lee Jung-jae ဟာ  အချိန်ပိုင်းအလုပ်တွေကို ခက်ခက်ခဲခဲ လုပ်ခဲ့ရရင်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့ သူဖြစ်ပါတယ်။ Lee Jung-jae ဟာ Apgujeong-dong မှာရှိတဲ့ ကော်ဖီဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ရင်း ချောမောခန့်ညားလွန်းတဲ့ ရုပ်ရည်ကြောင့် မော်ဒယ်အဖြစ်ဆောင်ရွက်ဖို့ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

Google 

Lee Jung-jae ဟာ ကော်ဖီဆိုင်ဝန်ထမ်းထက် မော်ဒယ်အလုပ်က ပိုပြီး ဝင်ငွေကောင်းတာကြောင့် မော်ဒယ် အလုပ်ကို လက်ခံခဲ့ရပြီးနောက်မှာ တစ်ဆင့်ချင်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Google 
Google 

အခက်အခဲများစွာကို ကျော်ဖြတ်ပြီး အကောင်းဆုံး တွေ ကြိူံးစားခဲ့ပေမယ့်လည်း Lee Jung-jae ကို Squad Game ဇာတ်လမ်းတွဲထွက်ရှိပြီးမှသာ ပရိသတ်တွေက သိရှိခဲ့ကြတာဖြစ်ပါတယ်။ 

Google 

ကော်ဖီဆိုင်ဝန်ထမ်းဘဝကနေ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ မင်းသားကြီး Lee Jung-jae ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။