တောင်ကိုရီးယား အနုပညာရှင်လောကဟာ အတိမ်းအစောင်းမခံနိုင်လောက်အောင် ချောက်ကမ်းပါးပေါ်မှာရပ်တည်နေတဲ့ လောကကြီး တစ်ခုဖြစ်ပါတယ်။ အမှားတစ်ခုမှ မခံဘဲ အမှားလေးတစ်ခုရှိတာနဲ့ကို အမြဲတမ်းစောင့်ကြည့်နေတဲ့လောကကြီးမှာ တစ်ညတည်းနဲ့နာမည်ပျက်တွေ ရရှိသွားတဲ့ မင်းသမီးတွေ ရှိပါတယ်။ သူတို့ထဲကနာမည်ကြီး မင်းသမီး ၃ ယောက်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google 

Han Ye Seul 

Google 

Han Ye Seul ဟာဆိုရင် တစ်ချိန်တစ်ခါက ကိုရီးယားရဲ့ ထိပ်တန်းအလှမယ်တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ Han Ye Seul ဟာ ရည်မွန်ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ၂၀၀၀ ခုနှစ်များမှာလူကြိုက်များခဲ့တဲ့ မင်းသမီးတစ်လတ်ဖြစ်ခဲ့တဲ့ သူပါ။ ၂၀၁၁ ခုနှစ်မှာ Han Ye Seul က ရိုက်ကူးရေးအချိန်ဇယားအားလုံးကို ရုတ်တရက် ဖြုတ်ချပြီး ယူအက်စ်ကို ထွက်သွားခဲ့တာကြောင့် ဆိုးရွားတဲ့ အရှုပ်တော်ပုံကြီးနဲ့ ရင်ခဲ့ရပါတယ်။ 

Google 

တောင်ကိုရီးယားနိုင်ငံမှာ K-Drama ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာနဲ့ သရုပ်ဆောင်နဲ့ဝန်ထမ်းတွေက သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်းမှာ အပြင်းအထန် ပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။အထူးသဖြင့် ဇာတ်လမ်းမပြီးခင်မှာ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ အဓိက သရုပ်ဆောင်တွေ ခရီးထွက်တာတို့ နှုတ်ထွက်တာတို့ လုပ်မိပါက ထိခိုက်မှု အကြီးကြီး ဖြစ်သွားစေပါတယ်။ Han Ye Seul က Spy Myung Wol ဇာတ်လမ်းတွဲရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ ပျက်ကွက်မှုကြီးက စီးရီးထုတ်လွှင့်မှုကြီးတစ်ခုလုံးကို အနှောင့်အယှက် အကြီးကြီးဖြစ်သွားစေခဲ့ပါတယ်။ 

Google 

Han Ye Seul က Spy Myung Wol ဇာတ်ကားမှာ နှိပ်စက်ညှင်းပန်းမှုများရှိတာကြောင့် အမေရိကားကို သွားခဲ့တာဖြစ်တယ်လို့ ထောက်ပြခဲ့ပေမယ့် ကိုရီးယား ပြည်သူတွေက မင်းသမီးက တုံ့ပြန်မှု လွန်ကဲပြီး အလုပ်သဘောအရ ပရော်ဖက်ရှင်နယ် မဆန်တဲ့သူအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။  Han Ye Seul အတွက် ရိုက်ခတ်မှုကြီးကဘယ်လောက်ထိ ပြင်းထန်သလဲဆိုရင် ဇာတ်လမ်းတွဲရိုက်ကူးမှုကိုတောင် ၂ နှစ်ကြာ ရပ်နားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

Song Hye Kyo

Google 

တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဆိုရင်လည်း K-Drama  လောကကြီးရဲ့ ထိပ်တန်း ကြယ်ပွင့်တစ်ပွင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၄ ခုနှစ်မှာ Song Hye Kyo ဟော အခွန်ရှောင်မှု အရှုပ်တော်ပုံကြောင့်ပြင်းပြင်းထန်ထန်ဝေဖန်ခြင်း ခံခဲ့ရပါတယ်။ 

Google 

အခွန်ရှောင်မှု စွပ်စွဲချက် သတင်းတွေ ထွက်ရှိပြီး မကြာခင်မှာပဲ Song Hye Kyo က ပြန်လည်တောင်းပန်ခဲ့ပေမယ့်သတင်းထွက်ပြီးမှ တောင်းပန်သည့်အတွက် ဝေဖန်ချက်တွေ ထပ်မံ ရရှိခဲ့ပါတယ်။ 

Google 

Song Hye Kyo ရဲ့ အေဂျင်စီဘက်ကတော့ သူမရဲ့ အခွန်ငွေတွေကို စာရင်းကိုင်တစ်ဦးက မှားယွင်းစွာ တွက်ချက်ထားမိခဲ့ကြောင်း ရှင်းပြခဲ့ပေမယ့်လည်း လူအများက အဆိုပါ တောင်းဆိုချက်ကို မယုံကြည်ခဲ့ကြပါဘူး။ လက်ရှိမှာဆိုရင် Song Hye Kyo ကို အရှုပ်တော်ပုံတွေ အားလုံးကို ဖြေရှင်းပြီး ဘဝကြီးကို အရင်ကထက်ပိုပြီးကောင်းမွန်အောင် နေထိုင်နေပေမယ့် ရံဖန်ရံခါဆိုသလို သတင်းဟောင်းတွေက ပြန်ပြန်တက်လာပြီး ဝေဖန်မှုများ ဆက်လက်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ 

Yoon Eun Hye

Google 

တောင်ကိုရီးယားမင်းသမီး Yoon Eun Hye ဟာဆိုရင် "Princess' Hours"၊ "The Vineyard Man" နှင့် "Coffee Prince" ဇာတ်လမ်းတွဲတွေကို ၃ ကားဇာတ်တိုက် ရိုက်ကူးခဲ့ပြီး နာမည်ကြီးလာတဲ့သူဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်များမှာ မင်းသမီး Yoon Eun Hye က ရွှေခေတ်ကို ပိုင်ဆိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ 

Google 

ပွဲဦးထွက်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ Yoon Eun Hye ဟာ စိတ်မကောင်းစွာနဲ့ပဲသရုပ်ဆောင် စွမ်းရည်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ Yoon Eun Hye ဟာ ပြည်တွင်းဒီဇိုင်နာတစ်ယောက်ရဲ့ ဖက်ရှင် ဒီဇိုင်းတွေကို အတုခိုးတယ်လို့ စွပ်စွဲခံခဲ့ရပြီး လူအများရဲ့ အားပေးမှုကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး Yoon Eun Hye ရဲ့ ကျော်ကြားမှုတွေက နှစ်ပေါင်းများစွာ ကျဆင်းခဲ့ရပါတယ်။ လက်ရှိမှာ Yoon Eun Hye ရဲ့ ရပ်တည်မှု အနည်းငယ် ပြန်လည် ကောင်းမွန်လာပေမယ့် ယခင်ကရရှိခဲ့တဲ့ အောင်မြင်မှုအတိုင်းတော့ အမီလိုက်နိုင်ခြင်း မရှိသေးပါဘူး။ 

Google 

လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ကြပေမယ့် အချိန်အနည်းငယ်အတွင်း နာမည်ကျဆင်းခဲ့ကြရတဲ့ တောင်ကိုရီးယား နာမည်ကြီး မင်းသမီး ၃ ယောက် အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။