ကမ္ဘာ့နာမည်ကြီး အမေရိကန် အဆိုတော် John Legend ကစိတ်ဝင်စားစရာတစ်ခုကို ပြောကြားလိုက်ပါတယ်။ သူဟာ သူ့ရဲ့ ၈ခုမြောက် album ထုတ်လွှင့်မိတ်ဆက်နေတာဖြစ်ပါတယ်။စက်တင်ဘာလ ၉ ရက်နေ့က သူ့ရဲ့ album အသစ်ကိုမိတ်ဆက်ရင်း သူ့ရဲ့ " Melon Station" မှာ album ကိုလုပ်ခဲ့ရတဲ့အကြောင်းတွေနဲ့ သူ့ရဲ့ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေကိုဝေမျှခဲ့ပါတယ်။

သူ့အနေနဲ့ လှပပြီးပျော်စရာကောင်းတဲ့ album တစ်ခုကိုလုက်ချင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့သူ့ရဲ့နာမည်နဲ့ လိုက်ဖက်တဲ့နာမည်တစ်ခုကို ပေးချင်ခဲ့တာကြာပြီဖြစ်တာ‌ကြောင့် အခုalbum ကိုသူ့နာမည် Legend လို့ပေးခဲ့တာလို့ပြောပြခဲ့ပါတယ်။ပြီး‌တော့လည်း John Legend ဟာကိုရီးယားနဲ့ရင်းနှီးတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပြီး ကိုရီးယားနဲ့ပတ်သက်ရင် အမြဲအာရုံစိုက်လေ့ရှိကြောင်းလည်း သိရပါတယ်။

သူက ကျနော့်အနေနဲ့အမြဲတွေးနေမိတာက BTS ဒါမှမဟုတ် Blackpink တို့နဲ့ collaboration တစ်ခုလုပ်ရင်ကောင်းမလား ဆိုတာပါပဲ။ Blackpink အတွက်ဆိုရင်တော့ ကျနော့်‌အနေနဲ့ idea ‌ကောင်းတွေအမြဲအသင့်ပြင်ထားလေ့ရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ John Legend ဟာသူ့ရဲ့ 8 ခုမြောက် album အတွက်မိတ်ဆက်နေပြီး fans တွေကလည်း တခဲနက်အားပေးလျက်ရှိနေပါတယ်။ 
Photos-credit

Source: KBIZoom 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။