တောင်ကိုရီးယားမင်းသမီး ဟာဂျီဝန်းဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Empress Ki ၊ Secret Garden ၊ The King 2 Hearts နဲ့ Hospital Ship ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။
ဟာဂျီဝန်းရဲ့ နာမည်အရင်းက ဂျွန်ဟေရင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဟာဂျီဝန်းမှာ သူမအပါအဝင် မွေးချင်း ၃ ယောက်ရှိပြီး သူမက ဒုတိယအကြီးဆုံးသမီးလေးဖြစ်ပါတယ်။ ဟာဂျီဝန်းရဲ့ အောက်မှာ မောင်တစ်ယောက်နဲ့ ညီမတစ်ယောက်ရှိပြီး အထက်မှာတော့ အစ်မကြီးတစ်ယောက်ရှိပါတယ်။ မိသားစုကို အရမ်းချစ်ပြီး ခင်တွယ်တဲ့ မင်းသမီးလေးဟာ မိသားစု ဓာတ်ပုံလေးကိုလည်း ပရိသတ်အရှေ့ကို ချပြပေးခဲ့တဲ့သူဖြစ်ပါတယ်။
ဟာဂျီဝန်းရဲ့မောင်လေး Jeon Tae-su က ၂၀၁၈ ခုနှစ်မှာ သေကြောင်းကြံစည်ခဲ့ပြီး ဟာဂျီဝန်းရဲ့ ဖခင်ကြီးဟာလည်း ရောဂါကြောင့် ကွယ်လွန်ဆုံးပါးသွားခဲ့ရပါတယ်။ ဟာဂျီဝန်းရဲ့ မောင်လေး က ဖခင်ကြီးဆုံးပါးသွားပြီးတဲ့နောက်မှာပဲ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့တာကြောင့် မိသားစုကို ခင်တွယ်တဲ့ မင်းသမီးလေးဟာ ယူကြုံးမရ ခံစားခဲ့ရပါတယ်။
မောင်ဖြစ်သူက စိတ်ကျရောဂါကြောင့် ဆုံးပါးသွားခဲ့တာကြောင့် ပရိသတ်တွေက ဟာဂျီဝန်းကိုလည်း အထီးကျန်ပြီး တစ်ရောက်တည်း ဖြစ်နေမှာကို အရမ်း စိုးရိမ်ကြပါတယ်။ ဒါပေမယ့်လည်း ဟာဂျီဝန်းရဲ့ ဘဝက ထင်ထားတာထက် အေးချမ်းတည်ငြိမ်ဖို့ကောင်းပြီး ပီတိဖြစ်စရာ ကောင်းလွန်းလှပါတယ်။ မကြာသေးမီက လည်း ဟာဂျီဝန်းက သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ကျန်းမာစွာနဲ့ အသက်ရှင် နေထိုင်လျက်ရှိကြောင်းကို ပုံလေးတွေနဲ့တကွ ဝေမျှပေးလာခဲ့ပါတယ်။
ဓာတ်ပုံလေးတွေထဲမှာ ဟာဂျီဝန်းက အားကစားလုပ်နေပြီး မျက်နှာလေးကလည်း ပြုံးရွှင်လို့နေပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် နုပျိုပြီး ချစ်ဖို့ကောင်းနေတဲ့ မမ ဟာဂျီဝန်းရဲ့ ပုံရိပ်လေးက ပရိသတ်တွေကိုပါ အပျော်တွေ ကူးစက်သွားစေခဲ့ပါတယ်။
ဟာဂျီဝန်းက လက်ရှိမှာ 'A Tree Dies On Their Feet' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ အခြေကျကျ ရိုက်ကူးထားတဲ့ 'A Tree Dies On Their Feet' ဇာတ်လမ်းတွဲမှာ ဟာဂျီဝန်းတစ်ယောက် အောင်မြင်မှုတွေ ပြန်ပြီး ယူနိုင်ဖို့အတွက် ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။ 'A Tree Dies On Their Feet' ဇာတ်လမ်းတွဲက အောက်တိုဘာလမှာ ထွက်ရှိလာမှာဖြစ်ပြီး ဟာဂျီဝန်းကို ပြန်ပြီး မြင်တွေ့ရမှာဖြစ်တာကြောင့် ပရိသတ်တွေက များစွာ စိတ်လှုပ်ရှားနေကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။