Squad Game သရုပ်ဆောင် မင်းသားကြီး Lee Jung Jae နဲ့ သူ့ရဲ့ချစ်သူ Im Se Ryung တို့ဟာ မကြာသေးမီကကျင်းပပြုလုပ်ခဲ့တဲ့ Emmy Red Carpet  ပွဲကို အတူတကွ တက်ရောက်ခဲ့ကြပါတယ်။ 

Google 

Emmy Red Carpet ကို စက်တင်ဘာလ ၁၂ ရက်နေ့က ၂၄ ကြိမ်မြောက် Primetime Emmy Awards (Emmy Awards) ဆုပေးပွဲနဲ့အတူ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဆုပေးပွဲ အခမ်းအနားကို Squad Game မင်းသားကြီး Lee Jung Jae က သူ့ရဲ့  ၈ နှစ်ကြာသက်တမ်းရှိတဲ့ ချစ်သူလေးနဲ့အတူတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

Google 

နှစ်ဦးသားက တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားပြီး ပုခုံးလေးကိုလည်း သိုင်းပြီး ဖက်ထားကြပါတယ်။နှစ်ဦးသားရဲ့ ပုံရိပ်လေးက အရမ်းကို ချစ်ဖို့ကောင်းပြီး ကြည်နူးဖို့ကောင်းနေတာကြောင့် ပရိသတ်တွေကြားမှာစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ 

Google 

တောင်ကိုရီးယားမင်းသား Lee Jung Jae က ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှာ  ချစ်သူလေး Im Se Ryung နဲ့တရားဝင် တွဲနေပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက တွဲနေပြီလို့ သတင်းထွက်ထွက်ချင်းမှာ လူမြင်ကွင်းမှာ တရားဝင် လျှောက်သွားနေခဲ့တာဖြစ်ပါတယ်။ မကြာသေးမီကလည်း သူတို့နှစ်ဦးက ၇၅ ကြိမ်မြောက် Cannes International Film Festival ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသား Lee Jung Jae ဟာဆိုရင် Netflix original စီးရီးမှာ Best Actor at the Emmy Awards ဆုရှင်အဖြစ် ဆန်ကာတင်စာရင်းထဲမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ 

Google 
Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။