တောင်ကိုရီးယားရဲ့ ကြေငြာသရုပ်ဆောင်မင်းသမီးဖြစ်တဲ့ Park Chan-min ရဲ့ သမီး Park Min-ha က Hyun Bin နဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။
7 ရက်နေ့တွင် Park Min-ha က သူမရဲ့ Instagram အကောင့်ကနေ "Our 'Cooperative 2' team က အန်တီနဲ့ ဦးလေးများ # cooperative 2_ international #vip preview" ဆိုတဲ့ Caption လေးနဲ့ ဓာတ်ပုံလေးတွေ တွဲရိုက်ပြီး တင်ခဲ့ပါတယ်။
တင်ထားတဲ့ ဓာတ်ပုံထဲမှာ Park Min-ha ဟာ Hyun Bin၊ Yoon-ah၊ Yoo Hae-jin နဲ့ Jin Sun-kyu တို့နဲ့ တွဲပြီး ရိုက်ထားတာပါ။ သရုပ်ဆောင်တွေနဲ့ သက်သေပြရိုက်ကူးနေပါတယ်။ Park Min-ha ကတော့ Yoo Hae-jin ရဲ့သမီးအဖြစ် ရုပ်ရှင်ကားထဲမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။
Park Min-ha က Hyun Bin ကို ချစ်ခင်အားပေးတဲ့သူဖြစ်ကြောင်းကို လွန်ခဲ့တဲ့ ၅ နှစ်က ပုံလေးက သက်သေထူလို့နေပါတယ်။ Park Min-ha က 2017 ခုနှစ်ကတည်းက Hyun Bin နဲ့ တွဲပြီး ပုံလေးရိုက်ကူးခဲ့တာပါ။
အရင်ပုံနဲ့ အခုလက်ရှိကို ယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ Hyun Bin ကတော့ နဲနဲလေးရင့်လာတာက လွဲပြီး အရင်လို စမတ်ကျပြီးချောမောနေဆဲပဲ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။