GOT7 အဖွဲ့ဝင် Jackson Wan ဟာဆိုရင် လတ်တလော တရုတ်ပြည်မှာ နာမည်ကြီးနေတဲ့ ပြည့်တန်ဆာ အမှုထဲမှာပါဝင်ပတ်သက်မိနေတယ်ဆိုတဲ့ ကြီးမားတဲ့ ကောလာဟလနဲ့ ရင်ဆိုင်နေရပါတယ်။ 

Google 

ကောလာဟလများရဲ့ အစက တရုတ်မင်းသား Li Yifeng  နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ Li Yifeng ကို ပြည့်တန်ဆာလုပ်ငန်းများကို ဖွင့်လှစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မကြာသေးမီက တရုတ်ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

Google 

Li Yifeng အဖမ်းခံခဲ့ရပြီးတဲ့နောက်မှာ Li Yifeng  နဲ့ အလားတူ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ နောက်ထပ် အမျိုးသားအနုပညာရှင် ၁၇ ယောက်ရှိသေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ 

Google 

အဆိုပါ အမျိုးသားအနုပညာရှင် ၁၇ ယောက်ရဲ့ မျိုးရိုးနာမည်တွေမှာ “W”၊ “C”၊ “H” ၊ “Z” ၊ “W” နှင့် “Q”  တွေပါတယ်လို့ သတင်းတွေ ထွက်ရှိနေပြီး W မျိုးရိုးနဲ့ အနုပညာရှင်က Jackson Wan လို့ကောလာဟလတွေထွက်နေတာဖြစ်ပါတယ်။ 

Google 
Google 
Google 

သံသယများ ၊ ကောလာဟလများနဲ့ အတူ တရုတ်ပြည်က Jackson ရဲ့ ၈ နှစ်ကြာ Fansite  ကြီးဖြစ်တဲ့"Wangga0328" ဟာလည်း  ပိတ်သိမ်းတော့မယ်လို့ ရုတ်တရက်ကြီး ကြေညာခဲ့ပါတယ်။ 

Google 

Wangga0328 fansite က မပိတ်သိမ်းခင်မှာ

“မင်းစတင်ခဲ့တဲ့အချိန်တုန်းက အိမ်မက်နဲ့ဝါသနာကို သတိရပြီး အရှက်ကင်းစွာနေထိုင်သွားနိုင်ပါစေ” ဆိုတဲ့စာသားကို တင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ သံသယ ပိုပြီးတိုးနေတာဖြစ်ပါတယ်။ 

Google 

အဆိုပါ fansite က ၈ နှစ်ကြာ အသက်ဝင်ခဲ့တဲ့ fansite ကြီးဖြစ်ပြီး Weibo မှာ follower ပေါင်း 83,000 နဲ့  Twitter မှာ follower ပေါင်း 141,000 ရှိတဲ့ fansite ကြီးဖြစ်ပါတယ်။ အမာခံ fansite ကြီးတစ်ခုက မသေချာသေးတဲ့ကောလာဟလလေးတစ်ခု ထွက်တဲ့အချိန်မှာ အခုလိုမျိုး ရုတ်တရတ် ကြီး ပိတ်သိမ်းလိုက်တဲ့အတွက်လည်းnetizen တွေက များစွာ အံ့ဩနေကြပါတယ်။ 

Google 
Google 

ထွက်လာတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး Jackson တစ်ယောက် တကယ်ပဲ အရှုပ်တော်ပုံမှာ ပါဝင်နေတာလားဆိုတဲ့ ထင်ကြေး ပေးသူတွေရှိသလို Jackson ကို အကွက်ဆင်ပြီး တမင်သပ်သပ်နာမည်ဖျက်နေတာလို့ ယူဆထားကြတဲ့ သူတွေလည်းရှိပါတယ် ။ 

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။