ဇာတ်ကားမထွက်ခင်မှာပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုများစွာရရှိနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ The Golden Spoon ဟာဆိုရင် ငွေကုန်ကြေးကျများစွာ အသုံးပြုထားတဲ့ ဇာတ်လမ်းကြီးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရော ၊ ရိုက်ကူးရေး အဖွဲ့သားတွေရောများစွာ အပင်ပန်းခံထားတဲ့ The Golden Spoon ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင် မင်းသမီး Jung Chae Yeon က ရိုက်ကူးရေးလုပ်နေစဉ်အတွင်းမှာ အကြီးစား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

Google 

အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ မင်းသမီး Jung Chae Yeon က စက်တင်ဘာလ ၁၀ ရက်နေ့ မှာ The Golden Spoon ရိုက်ကူးရေးလုပ်နေရင်း လှေကားပေါ်ကနေ ပြုတ်ကျသွားခဲ့တာလို့ သိရပါတယ်။ လှေကားပေါ်ကနေ ပြုတ်ကျကျချင်းမှာ Jung Chae Yeon က သတိလစ်မေ့မြောသွားခဲ့တယ်လို့လည်း အေဂျင်စီဘက်က ထုတ်ဖော်ပြောကြားထားပါတယ် ။ 

Google 

Jung Chae Yeon ပြုတ်ကျသွားသွားချင်းမှာ အရေးပေါ် ဆေးရုံကို ပို့ပေးခဲ့ပြီး X-rays နဲ့  CT scan တွေပါ ရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။

Google 

ရလာဒ်ကတော့ ရင်ဘက်ညှပ်ရိုး ကျိုးသွားပြီး ခွဲစိတ်မှု ပြုလုပ်ရမယ်လို့ သိရပါတယ်။ Jung Chae Yeon ကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ ခွဲစိတ်မှု ပြုလုပ်ပေးသွားမှာဖြစ်ပြီးအရွတ်များထိခိုက်ခဲ့တယ်ဆိုရင်လည်း ထပ်လောင်း ခွဲစိတ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google 
Google 

ဇာတ်လမ်းတွဲ မထွက်ခင် ရိုက်ကူးရေးကာလမှာပဲ အကြီးစားထိခိုက်မှုကြီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဆိုတော် ၊သရုပ်ဆောင်  Jung Chae Yeon ရဲ့ သတင်းလေးကို စိတ်မကောင်းဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။