တောင်ကိုရီးယားသရုပ်ဆောင် ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့က လက်ထပ်ထားတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်ပြီးလက်ရှိမှာ ရင်သွေးဦးလေးကို ရရှိဖို့အတွက် စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ ဟွန်ဘင်းနဲ့ဆွန်ရီဂျင်းတို့ကအိမ်ထောင်ကျသွားပေမယ့်လည်း နာမည် ကျဆင်းသွားခြင်းမရှိဘဲ အနုပညာအလုပ်တွေ ဆက်လက်ပြီးဆောင်ရွက်နေတုန်းပဲ ဖြစ်ပါတယ်။ 

Google 

ဟွန်ဘင်းက ကလေးအဖေဖြစ်တော့မယ့်အချိန်မှာ Confidential Assignment 2: International ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Confidential Assignment 2: International ဇာတ်လမ်းက ရုံတင်ပြီးရှိပြီး ၆ရက်အကြာမှာပဲ ကြည့်ရှုသူ ၃ သန်းအထိ ရရှိခဲ့ပါတယ်။ 

Google 
Google 
Google 

အောင်မြင်မှုက “Confidential Assignment (2017)” ဇာတ်လမ်း ထက် ၂ ဆ အထိ ရရှိပြီး စံချိန်သစ်ကို ချိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Google 
ကလေးကဗိုကိထဲမှာပဲရှိပါသေးတယ် .. fan တွေလုပ်ထားတဲ့ ဘေဘီလေးပုံပါ ..????

Confidential Assignment 2: International ဇာတ်လမ်းက ဟွန်ဘင်းအတွက် မိန်းမရရှိပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ပရိသတ်တွေက ဟွန်ဘွန်းရဲ့ သားလေးက ကံကောင်းတဲ့ ကလေးလေးဆိုပြီး ပြောထားကြပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။