တောင်ကိုရီးယား နာမည်ကြီးမင်းသမီး ဂျန်နာရာဟာဆိုရင် မကြာသေးမီက လက်ထပ်ထားတာဖြစ်ပါတယ်။လက်ထပ်ပြီးနောက်မှာ ဂျန်နာရာက အရင်တုန်းကထက်ပိုပျော်ရွှင်ပြီး သာယာပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။
ဒီအကြောင်းအရာလေးကို ဂျန်နာရာက စက်တင်ဘာလ ၁၀ရက်နေ့က “အားလုံးပဲ Chuseok ညနေခင်းကိုဖြတ်သန်းနေရတာလား ? ကျွန်မလည်း ကောင်းကောင်းဖြတ်သန်းနေပါတယ်။ အားလုံးပဲ ချစ်ရတဲ့သူတွေနဲ့ပျော်စရာညနေခင်းလေးကို ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်” ဆိုတဲ့စာသားလေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။
ဓာတ်ပုံလေးထဲမှာ ဂျန်နာရာက သာယာဖို့ကောင်းတဲ့လမ်းမထက်မှာ လျှောက်သွားပြီး ဓာတ်ပုံရိုက်နေတာဖြစ်ပါတယ်။ ဂျန်နာရာက သေးသွယ်တဲ့ လက်ကလေးကို ဆွဲဆန့်ပြီး ပြုံးပျော်နေတဲ့ပုံရိပ်လေးက ပရိသတ်တွေကို အချစ်တွေပိုတိုးသွားစေပါတယ်။ ဂျန်နာရာရဲ့ မျက်နှာလေးက အေးချမ်းနေပြီး လက်ထပ်ပြီးနောက်မှာ ပိုပြီးလှလာတယ်လို့ ပရိသတ်တွေက ပြောထားကြပါတယ်။
တောင်ကိုရီးယားမင်းသမီး ဂျန်နာရာက သူမထက် အသက် ၆ နှစ်ငယ်တဲ့ cinematographer နဲ့ ဇွန်လ ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။