တောင်ကိုရီးယား သရုပ်ဆောင် Ko So Young  နဲ့ ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသားကြီး Jang Dong Gun ရဲ့သမီးလေးဟာဆိုရင် မကြာသေးမီက မိဘတွေ အပေါ်ကို ကျေးဇူး သိတတ်မှုလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ ဒီအကြောင်းအရာကို မင်းသမီး Ko So Young က စက်တင်ဘာလ ၉ ရက်နေ့မှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ 

Google

ဒါရိုက်တာရင်ရဲ့ ဇနီးဖြစ်သူက သူမရဲ့ သမီးလေးက စုဘူးလေးထဲကနေ စုထားတဲ့ငွေလေးတွေကို မိဘတွေအတွက် ထုတ်ခဲ့ကြောင်း ၊ ပြီးတော့ Shuseok အားလပ်ရက်အတွက် ဆုတောင်းပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ငွေကြေး ပမာဏက အရမ်းကြီး မများပေမယ့်  မိဘတွေအနေနဲ့ သမီးလေးဆီကနေအခုလိုမျိုး ကျေးဇူး သိတတ်မှုလေး ရခဲ့တဲ့အတွက် မင်းသမီး Ko So Young နဲ့ ဒါရိုက်တာရင်မင်းသားကြီးကအရမ်းကို ဂုဏ်ယူ ဝမ်းမြောက် နေကြပါတယ်။  

Google

တင်ထားတဲ့ ဓာတ်ပုံထဲမှာ Ko So Young က သမီးဖြစ်သူပေးထားတဲ့ တောင်ကိုရီးယားဝမ် ၅ သောင်းကို ပြသခဲ့ပါတယ်။ ငွေ မမာဏလေးက အရမ်းမများပေမယ့် သမီးတစ်ယောက်ရဲ့ မိဘအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကအရမ်းကို ခိုင်မာတာကြောင့် ကြည့်ရှုသူတွေရဲ့ နှလုံးသားကို ထိခိုက်သွားစေပါတယ်။ 

Google
Google

စက်တင်ဘာလ ၁၀ ရက်နေ့မှာလည်း မင်းသမီး Ko So Young က သူမသမီးလေးအုတ်ဂူမှာ ကန်တော့နေတဲ့ ပုံရိပ်လေးကိုပါတင်ခဲ့ပါတယ်။  Ko So Young နဲ့ ဒါရိုက်တာရင်တို့ရဲ့ သမီးလေးက အမေနဲ့အဖေတို့မျက်နှာနဲ့ ချွတ်ဆွတ်တူပြီး အရမ်းကို ချစ်ဖို့ကောင်းတာကိုတွေ့ရပါတယ်။  

Google

တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ko So Young နဲ့ Jang Dong Gun တို့က ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ရင်သွေးလေး နှစ်ယောက်ကိုဖွား မြင်ခဲ့ပါတယ်။

Google

 သူတို့ထဲက သားလေးနာမည်က Jun Hyeok ဖြစ်ပြီး သမီးလေး နာမည်က Yoon Seol ဖြစ်ပါတယ်။ ဒါရိုက်တာရင်ရဲ့ ချစ်ဖို့ကောင်းတဲ့ သားနဲ့သမီးလေးနှစ်ယောက် အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။