မကြာသေးမီက တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ လီမင်ဟိုနဲ့ဆောင်းဟေကို တို့ကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ Fendi event မှာ အတူတူတွဲပြီးတွေ့ခဲ့ရပါတယ်။ သူတို့ နှစ်ဦးကအချင်းချင်း ရင်းနှိီးနေတဲ့ ပုံစံမျိုး ရှိနေပြီး လူမြင်ကွင်းမှာ တရားဝင် တွဲပြီးထိုင်နေကြတာဖြစ်ပါတယ်။ 

Google 
Google 

ဒါ့အပြင် လီမင်ဟိုနဲ့ဆောင်းဟေကိုတို့ နှစ်ဦးက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို လေဆိပ်တစ်ခုတည်းကနေတစ်ချိန်တည်း သွားခဲ့ကြတယ်လို့ သိရပါတယ်။ 

Google 

သူတို့ နှစ်ဦးကို အင်ချွန်းလေဆိပ်မှာ ရှေ့ဆင့်နောက်ဆင့် တွေ့ခဲ့ရပြီး ဝတ်ထားတဲ့ ဖက်ရှင်တွေက အစ တူညီနေတယ်လို့ netizen တွေက ဖော်ပြထားပါတယ်။ 

Google 

ဆောင်းဟေကိုက အနက်ရောင် အပေါ်ဝတ်အင်္ကျီလေးနဲ့ ဘေ့စ်ဘောဦးထုပ်လေးကို ဆောင်းထားပါတယ်။ လီမင်ဟိုဟာဆိုရင်လည်း အနက်ရောင် သားရေသား အပေါ်ဝတ်လေးနဲ့ လက်ဆွဲအိတ်လေးကို ကိုင်ထားပါတယ်။ နှစ်ဦးလုံးရဲ့ ဖက်ရှင်က all black ဖြစ်နေပြီး couple ဖက်ရှင်လိုမျိုးဖြစ်နေတာကြောင့် သတင်းဌာနတွေကြားမှာ အကြီးမားဆုံး သတင်းခေါင်းစဉ် ကြီး ဖြစ်နေပါတယ်။

Twitter 
Google 

တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ဦးဖြစ်ကြတဲ့ လီမင်ဟိုနဲ့ဆောင်းဟေကိုတို့က ၂၅ နှစ်ပြည့် Fendi  Baguette Show အခမ်းအနားအတွက် နယူးယောက်မြို့ကို အတူတူသွားခဲ့ကြတာဖြစ်ပါတယ်။  လေဆိပ် ဖက်ရှင်တွေကအစ တူညီနေတာကြောင့် ပရိသတ်တွေကြားမှာ တွဲနေကြပြီလားဆိုပြီး စိတ်ဝင်စားမှု မြင့်တက်နေတာဖြစ်ပါတယ်။ 

Google 
Google 

လီမင်ဟိုရဲ့ အသက်က ၃၅ နှစ်ရှိနေပြီဖြစ်ပြီး ဆောင်းဟေကိုကတော့ ၄၀ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ 

Google 
Google 
Google 

သူတို့နှစ်ဦးက အသက် ၅ နှစ်တိတိငယ်တာကြောင့် မလိုက်ဖက်ဘူး တွဲနေတာ မဖြစ်နိုင်ဘူး ဆိုပြီးပြောနေကြတဲ့သူတွရှိသလို တကယ်တွဲရင်လည်း လိုက်ဖက်တယ်လို့ဆိုကာ သဘောတူနေကြတဲ့သူတွေလည်းရှိပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။