တောင်ကိုရီးယားမင်းသား Jin Yi Han ဟာဆိုရင် တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ မင်းသားဖြစ်ပါတယ်။ Jin Yi Han ရဲ့နာမည်အရင်းက Kim Hyun Joong ဖြစ်ပြီး ပြဇာတ်သရုပ်ဆောင် အဆိုတော်အဖြစ်ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။ Jin Yi Han က၁၉၉၈ ခုနှစ်မှာ စစ်မှုထမ်းဆောင်ခဲ့ပြီး စစ်တပ်ထဲမှာလည်း တတ်ကြွတဲ့ ဖျော်ဖြေသူတစ်ယောက်ဖြစ်ခဲ့တဲ့သူပါ။ 

Google 
Google 

Jin Yi Han က၂၀၀၂ ခုနှစ်မှာ Visual Design ဘာသာရပ်နဲ့ နဲ့ ဆိုးလ် တက္ကသိုလ်ကနေ ပွဲရခဲ့တဲ့သူဖြစ်ပါတယ်။ ပြဇာတ်တွေနဲ့နန်းတွင်းဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Jin Yi Han ဟာ ၂၀၁၃ ခုနှစ်မှာ Empress Ki ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့ပါတယ်။ 

Google 
Google 

Jin Yi Han က ၂၀၁၆ ခုနှစ်မှာ Kim Ji Han  အဖြစ် နာမည်ထပ်ပြောင်းခဲ့ပြီး အနုပညာအလုပ်တွေ ဆက် လုပ်ခဲ့ပါတယ်။ Jin Yi Han   က လက်ရှိမှာ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး နုပျိုချောမောနေတုန်းပဲ ဖြစ်ပါတယ်။ Jin Yi Han   ဟာ ၂၀၂၀ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေကို တတ်တတ်ကြွကြွ မလုပ်ဆောင်တော့ပဲ သာမန်လူအဖြစ်နဲ့သာ ပေါ့ပေါ့ပါးပါးနေထိုင်လျက်ရှိပါတယ်။ 

Instagram 
Instagram 

အရပ်ရှည်ရှည်နဲ့ ခန့်ချော မင်းသားကြီး Jin Yi Han   ဟာ အသက် ၄၀ ကျော်သွားပေမယ့်လည်း အသက် ၂၀ ကျော်အရွယ်တုန်းကလိုမျိုး မျက်နှာလေးက ကြည့်လို့ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။ 

Instagram 
Instagram 

Jin Yi Han  ရဲ့ နုပျိုနေဆဲ လက်ရှိပုံရိပ်လေးတွေကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Instagram 

တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ တောင်ကိုရီးယား မင်းသား Jin Yi Han  ရဲ့ လက်ရှိအခြေအနေလေးကိုပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။