တောင်ကိုရီးယားသရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ မင်းသမီး Kim So Yeon နဲ့ မင်းသား Lee Sang Woo တို့ရဲ့အိမ်ထောင်ရေးလေးဟာ လူတိုင်း အားကျဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါတယ်။ မင်းသမီး Kim So Yeon က ဗီလိန်ဇာတ်ကောင်တွေ တော်တော်များများမှာ သရုပ်ဆောင်ခဲ့တဲ့သူဖြစ်တာကြောင့် ဇာတ်လမ်းတွေထဲမှာဆိုသူမရဲ့ အချစ်ရေးက ဆိုးရွားမှုတွေနဲ့ ပဲ ကြုံတွေ့ရလေ့ရှိပါတယ်။ 

Google
Google
Google

ဒါပေမယ့်လည်း Kim So Yeon ရဲ့ အပြင်လက်တွေ့ဘဝက အိမ်ထောင်ရေးလေးကတော့ အရမ်းကို ကြည်နူးစရာကောင်းလွန်းလှပါတယ်။ Kim So Yeon ဟာဆိုရင် အပြင်မှာ နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့သူလေးဖြစ်ကာသဘောကောင်းတဲ့သူဖြစ်ပေမယ့် ပရိသတ်တွေက သူမရဲ့ ဇာတ်ကောင်ပုံစံနဲ့ တွဲမြင်ပြီး မကောင်းတဲ့သူလို့မကြာခဏ အထင်မှားလေ့ရှိပါတယ်။ 

Google
Google
Google

မင်းသမီး Kim So Yeon က တောင်ကိုရီးယားမင်းသား Lee Sand Woo နဲ့ ဇာတ်လမ်းအတူ တွဲရိုက်ရင်းနဲ့ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် သူတို့ နှစ်ဦးသားလက်ထပ်ခဲ့တာအိမ်ထောင်သက် ၅ နှစ်တင်းတင်းပြည့်သွားပေမယ့် မင်းသား Lee Sang Woo က သူ့အမျိုးသမီးရဲ့အကြောင်းကိုအင်တာဗျူးတိုင်းမှာ မကြာခဏ ဖြေလေ့ဖြေထရှိပါတယ်။ 

Google
Google

Lee Sang Woo က ဇနီးဖြစ်သူအတွက် ဟင်းလျာတွေ ကိုယ်တိုင် ချက်ပြုတ်ပေးရတာ သဘောကျပြီး ခရီးတွေထွက်တဲ့အချိန်မှာလည်း ဇနီးသည်အတွက် လက်ဆောင်လေးတွေ ဝယ်လာပေးရတာသဘောကျတယ်လို့လည်းအင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မင်းသမီး Kim So Yeon ကလည်း သူမရဲ့ ခင်ပွန်းဖြစ်သူက လက်ထက်ပြီးနောက်မှာ ပိုပြီး သူမအပေါ်ကောင်းပေးတယ်လို့ ဆိုပါတယ်။ 

Google

မင်းသမီး Kim So Yeon နဲ့ မင်းသား Lee Sang Woo တို့က အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးတတ်ကြတဲ့သူတွေဖြစ်ပြီး နားလည်မှု အပြည့်ရှိကြတာကြောင့် ပရိသတ်တွေက သူတို့ လင်မယားနှစ်ယောက်ရဲ့အိမ်ထောင်ရေးကို များစွာ သဘောကျကြပါတယ်။ 

Google

နတ်ဖက်တဲ့ စုံတွဲအလား အချင်းချင်း နားလည်မှု အပြည့်ရှိပြီး ချစ်ဖို့ကောင်းကြတဲ့ မင်းသမီး Kim So Yeon နဲ့မင်းသား Lee Sang Woo တို့ ဇနီးမောင်နှံဟာ ၂၀၁၇ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး သားသမီးရတနာ မထွန်းကားကြသေးပါဘူး။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။