တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင် ဆောင်းဟေကိုဟာဆိုရင် မကြာသေးမီအချိန်က ‘Fendi' event ပွဲအခမ်းအနားကို တက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ 

Instagram

ဆောင်းဟေကိုက နယူးယောက်မြို့ကို ရောက်ပြီးပြီးချင်းမှာ သူငယ်ချင်းဖြစ်သူ Fin.K.L’s လီဂျင်းနဲ့ တွေ့ခဲ့တဲ့အကြောင်းကို သူမရဲ့ အင်စတာဂရမ် စတိုရီ ပေါ်မှာ ဝေမျှပေးလာခဲ့ပါသေးတယ်။ ထို့နောက် မမ ဆောင်းဟေကိုက‘Fendi' event အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။ ‘Fendi' event မှာဆောင်းဟေကို ဝတ်ဆင်ထားတဲ့ ဝတ်စုံလေးက အနက်ရောင်မှောင်မှောင်လေး ဖြစ်တာကြောင့် အရမ်းကိုကျက်သရေရှိပြီး လှပလွန်းနေပါတယ်။ 

Instagram
Instagram
Instagram

ဆောင်းဟေကိုတစ်ယောက် ‘Fendi' event မှာ တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင် လီမင်ဟိုနဲ့ အတူတူရှိနေခဲ့ပြီး နှစ်ဦးသားနီးကပ်စွာထိုင်နေတဲ့ ပုံရိပ်တွေဟာလည်း ပြန့်နှံ့လာပါတယ်။ ဆောင်းဟေကိုနဲ့ လီမင်ဟိုတို့ အတူတူရှိနေတဲ့ ပုံရိပ်တွေက ချက်ချင်းဆိုသလို လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး လူပြောများနေခဲ့ပါတယ်။ 

Instagram
Instagram
Instagram

ဓာတ်ပုံတွေထဲမှာ ဆောင်းဟေကိုနဲ့ လီမင်ဟိုတို့က ရယ်မောပျော်ရွှင်နေကြပြီး ဆက်ဆံရေး ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေကြပါတယ်။ တချို့ပရိသတ်တွေကတော့ သူတို့နှစ်ဦး အတူ သရုပ်ဆောင်တဲ့ ဇာတ်လမ်းပါထွက်ရှိလာဦးမလားလို့ ခန့်မှန်းထားကြပါတယ်။ 

Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။