တောင်ကိုရီးယားမင်းသားကြီး ချာအင်ဖြိုးဟာဆိုရင် Love in Your Bosom (1994) ဇာတ်လမ်းတွဲမှာ အတူတွဲသရုပ်ဆောင်တဲ့ မင်းသမီး ရှင်းအီရာနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက အောင်မြင်နေတဲ့အချိန်မှာလက်ထပ်ခဲ့ကြတာကြောင့် အဲဒီခေတ် အဲဒီအချိန်တုန်းက လူစိတ်ဝင်စားမှု အများဆုံရရှိခဲ့တဲ့ အနုပညာရှင် စုံတွဲလေး ဖြစ်ခဲ့ပါတယ်။ ချာအင်ဖြိုးနဲ့ ရှင်းအီရာတို့က ၁၉၉၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာကြောင့် လက်ရှိမှာအိမ်ထောင်သက် ၂၇ နှစ်တောင်ရှိနေကြပါပြီ။ 

Google
Google
Google

အိမ်ထောင် သက် ၂၇ နှစ်ရှိနေပေမယ့်လည်း မင်းသားကြီး ချာအင်ဖြိုးက သူ့အမျိုးသမီးကို ချစ်လွန်းလို့ ချစ်တယ်ဆိုတဲ့ စကား တစ်နေ့ကို ၆ ခါလောက်အထိ ပြောကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ 

Google
Google

မင်းသားကြီး ချာအင်ဖြိုးကဇနီးဖြစ်သူ ရှင်းအီရာနဲ့ ၁၉၉၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ သားဦးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google
Google
Google

 သူတို့ဇနီးမောင်နှံက ၂၀၀၅ ခုနှစ်မှာ Cha Ye-eun လို့ခေါ်တဲ့သမီးလေးတစ်ယောက်နဲ့ ၂၀၀၈ ခုနှစ်မှာ Cha Ye-jin လို့ခေါ်တဲ့ သမီးလေး တစ်ယောက်ကို ထပ်မံမွေးစားခဲ့တာကြောင့် လက်ရှိမှာ သား ၁ ယောက်သမီး ၂ ယောက်နဲ့အတူနေထိုင်နေတာပဲ ဖြစ်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။