တောင်ကိုရီးယား ယောကျာ်းလေးများအဆိုတော်အဖွဲ့ Super Junior  ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့Hankyung ဟာဆိုရင် သမီးလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ 

Google

Hankyung က အခုသတင်းကောင်းလေးကို သူ့ရဲ့ Weibo စာမျက်နှာပေါ်ကနေဆင့် စက်တင်ဘာလ ၉ ရက်နေ့မှာ ပုံလေးတွေနဲ့တကွ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ 

Google

ဓာတ်ပုံလေးတွေထဲမှာ Hankyung ရဲ့ အမျိုးသမီးဖြစ်သူ တရုတ်-အမေရိကန်မင်းသမီး Čelična Jade နဲ့ မွေးခါစသမီးချောလေးကိုပါအတူတူတွဲပြီး မြင်တွေ့ရပါတယ်။ Hankyung ရဲ့သမီးလေးက မွေးခါစလေးပေမယ့် ဖခင်နဲ့ရုပ်ချင်း အရမ်းတူပြီး ချစ်ဖို့ကောင်းလွန်းနေပါတယ်။ 

Google

Hankyung က ၂၀၀၅ ခုနှစ်မှာ Super Junior အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အဖွဲ့ထဲကနေနှုတ်ထွက်ခဲ့ပါတယ်။ 

Google

Hankyung ဟာ Super Junior အဖွဲ့ကနေ နှုတ်ထွက်ပြီးတဲ့နောက်မှာ မွေးရပ်မြေ တရုတ်ပြည်မှာ သရုပ်ဆောင် ၊ အဆိုတော်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Google
Google
Google
Google

ဇနီးဖြစ်သူနဲ့ ၂၀၁၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၃ နှစ်အကြာမှာတော့ သမီးဦးလေးကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။