တောင်ကိုရီးယားမင်းသမီး ဟာဂျီဝွန်းဟာဆိုရဲ့အင်မတန်မှ သနားဖို့ကောင်းလွန်းလှတဲ့ ဘဝကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ ဟာဂျီဝွန်းက ၁၉၇၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး သူမရဲ့ နာမည်အရင်းက ဂျွန်ဟယ်ရင်း ဖြစ်ပါတယ်။ ဟာဂျီဝွန်း က အသက်ငယ်ငယ်လေးကတည်းက အနုပညာရှင်ဖြစ်ဖို့အိပ်မက်မက်ခဲ့တဲ့သူဖြစ်ပြီး အလယ်တန်းကျောင်းအရွယ်မှာ အနုပညာ လောကထဲကို ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 

ဟာဂျီဝွန်း က မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းထက်ဆီကို စတင်ဝင်ရောက်ခဲ့ပြီး အနုပညာ လှုပ်ရှားမှု နယ်ပယ်ထဲကို ခြေလှမ်းလှမ်းဖို့ ကြိုးစားတဲ့အချိန်မှာ အကြိမ်ရေ ၁၀၀ လောက်အထိကို ကျရှုံးခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဟာဂျီဝွန်းက New Generation Report: Adults Don’t Understand Us ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပထမဦးဆုံး အနေနဲ့ အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ 

Google 

အနုပညာလောကထဲကို ရောက်ရှိပြီး နှစ်ပေါင်း ၂၀ အကြာမှာတော့ ဟာဂျီဝွန်း က ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်ခွင့်ရရှိခဲ့ပါတယ်။ ဟာဂျီဝွန်း က ၂၀၁၀ ခုနှစ်မှာ Secret Garden ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက်မှာ တဟုန်ထိုး နာမည်ရအောင်မြင်ခဲ့ပြီး ထိပ်တန်း နာမည်ကြီး မင်းသမီး ဖြစ်ခဲ့ပါတယ်။ 

Google 

ဟာဂျီဝွန်း ဟာဆိုရင် Empress Ki ဇာတ်လမ်းထဲမှာလည်း ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Empress Ki ဇာတ်လမ်းက ဟာဂျီဝွန်းသာမပါရင် ကောင်းမှာ မဟုတ်ဘူးဆိုပြီး အပြောခံခဲ့ရလောက်တဲ့အထိ ဟာဂျီဝွန်း ရဲ့ အောင်မြင်မှုတွေဟာ ကြောက်ခမန်းလိလိဖြစ်ခဲ့ပါတယ်။ ဟာဂျီဝွန်းက မိန်းကလေးဆန်ပြီး သီးသီးသန့်သန့်နေတတ်သူလေး ဖြစ်တာကြောင့် သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို လူမြင်ကွင်းမှာ အရမ်းကြီး မတွေ့ရပါဘူး။ 

Google 

ဟာဂျီဝွန်းက နာမည်ကြီးတောင်ကိုရီးယားမင်းသားတွေနဲ့ သရုပ်ဆောင်ခဲ့ဖူးပေမယ့် တစ်ခါမှ Dating News မထွက်ဖူးတဲ့သူဖြစ်ပါတယ်။ မင်းသားတစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ရင်လည်း ဟာဂျီဝွန်းက သူမဘက်ကနေ အရင်ဆုံး ငြင်းလေ့ရှိပါတယ်။

Google 

ဟာဂျီဝွန်းက နာမည်ကြီးအောင်မြင်နေတဲ့ မင်းသမီး တစ်လတ်ဆိုပေမယ့်လည်း သူမ ဘဝက ထင်ထားသလောက် မရိုးရှင်းရှာပါဘူး။ ဟာဂျီဝွန်းရဲ့ ဖခင်ဖြစ်သူဟာ ၂၀၁၆ ခုနှစ်မှာ ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဖခင်ကြီးသေဆုံးပြီး ၁ နှစ်အကြာမှာပဲ ဟာဂျီဝွန်းရဲ့ မောင်ဖြစ်သူဟာလည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ ဟာဂျီဝွန်းဟာ အထီးကျန်လွန်းလှတဲ့ ဘဝကြီးမှာ တစ်ယောက်တည်း ရှင်သန်နေထိုင်းရင်းနဲ့ အနုပညာလမ်းကြောင်းထက်ဆီမှာ သာမန်လူတစ်ယောက်လိုမျိုး low profile လေးနဲ့သာနေထိုင်ခဲ့ပါတယ်။ 

Google 
Google 

ဟာဂျီဝွန်း နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေက ၂၀၂၀ ခုနှစ်တုန်းက Pawn နဲ့ ၂၀၂၁ ခုနှစ်တုန်းက Curtain Call: Trees Die Standing တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဇာတ်လမ်းတွေထဲမှာ ဟာဂျီဝွန်းရဲ့ ပုံရိပ်က အရမ်းကြီး မထင်ရှားခဲ့ပါဘူး။

Google 

ဟာဂျီဝွန်းဟာ ကြီးမာလှတဲ့ နေအိမ်ကြီးမှာ တစ်ယောက်တည်း အထီးကျန်စွာနေထိုင်ရင်းနဲ့ ပရိသတ်တွေနဲ့လည်း အဆက်အသွယ် ပျက်လို့နေပါတယ်။

Google 

တစ်ချိန်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ နာမည်ကြီးမင်းသမီး ဟာဂျီဝွန်းရဲ့ သနားစရာ အဖြစ်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google 
Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။