တောင်ကိုရီးယားနာမည်ကြီး မင်းသားနှစ်ယောက်ဖြစ်တဲ့ Kang Dong-won နဲ့ Jo In-sung တို့ဟာ သူတို့မိသားစုတွေအတွက် တန်ဖိုးမြင့် အိမ်ကြီးတွေကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကို စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ KBS 2TV ရဲ့ Entertainment Weekly အစီအစဉ်မှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ Kang Dong-won နဲ့ Jo In-sung တို့က သူတို့ မိသားစုဝင်တွေအတွက် အကြီးမားဆုံး လက်ဆောင်ကြီးတွေ ပေးခဲ့ကြတဲ့ အနုပညာရှင်စာရင်းမှာ နံပါတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။ 

Google 
Google 

Kang Dong-won

Google 

Kang Dong-won က ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ မိသားစုအတွက် မွေးရပ်မြေမှာပဲ တောင်ကိုရီးယားဝမ် ၁.၂ သန်းတန် အိမ်ကြီးကို ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။ အိမ်ကြီးရဲ့ မြေညီထပ်မှာ ဆက်ဆိုဖုန်း (ကြေးလေမှုတ်တူရိယာတစ်မျိုး) မှုတ်ရတာကြိုက်တဲ့ ဖခင်ကြီးအတွက် သီးသန် ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ Kang Dong-won  ကသူ့ရဲ့ ညီမဖြစ်သူအတွက် ပထမထပ်နဲ့ဒုတိယထပ်မှာ ကော်ဖီဆိုင်လေး တစ်ဆိုင် ဖွင့်ပေးထားတယ်လို့ သိရပြီး ကော်ဖီဆိုင်အတွက်လိုအပ်တဲ့ ပရိဘောဂ တွေကိုလည်း သူကိုယ်တိုင် ဖန်တီးပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

Google 
Google 

Jo In-sung

Google 

တောင်ကိုရီးယားမင်းသား Jo In-sung ဟာဆိုရင်လည်း သူ့ရဲ့မိသားစုအတွက် နှစ်လုံးကြီးတောင်း ဝယ်ပေးထားတယ်လို့ သိရပါတယ်။ Jo In-sung ရဲ့ ညီလေးကလည်း Jo In-sung အီထယ်ဝန်မှာ ဝယ်ထားတဲ့ အိမ်ကြီးရဲ့ ပထမထပ်မှာကော်ဖီဆိုင်လေး ဖွင့်ထားတယ်လို့ သိရပါတယ်။ အိမ်ခြံမြေကျွမ်းကျင်သူတွေရဲ့ အဆိုအရ အဆောက်အအုံကြီးရဲ့ တန်ဖိုးက ၂၀၂၁ ခုနှစ်မှာ ၇ ဘီလီယံလောက်အထိ ရှိတယ်လို့ သိရပါတယ်။ 

Google 
Google 
Google 

Jo In-sung က ၂၀၁၇ ခုနှစ်တုန်းကလည်း တောင်ကိုရီးယား အမြင့်ဆုံးတာဝါကြီးမှာ ၄.၅ ဘီလီယံတန်ဖိုးကြီးတဲ့ အိမ်ကြီးတစ်အိမ် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ Jo In-sung က ဂျယ်ဂျူကျွန်းမှာလည်း သူ့ရဲ့ မိသားစုအတွက် ဒုတိယမြောက်အိမ်ကြီးကို ဝယ်ပေးခဲ့သေးတယ်လို့ သိရပါတယ်။

Google 
Google 

အောင်မြင်ပြီးတဲ့နောက်မှာ မိသားစုတွေကို ပြန်ကြည့်ကြတဲ့ နာမည်ကြီးတောင်ကိုရီးယား မင်းသားကြီး Kang Dong-won နဲ့ Jo In-sung တို့ဟာ လက်ရှိအချိန်အထိ အိမ်ထောင် မပြုရသေးဘဲ တစ်ကိုယ်တည်း ဘဝနဲ့ ဖြတ်သန်းနေကြတုန်းပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။