တောင်ကိုရီးယားသရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ စုံတွဲလေးဟာ ကိုယ်ဝန်ဆောင်ပြီး နောက်မှာ ပထမဦးဆုံးအကြိမ် ပျော်ပွဲစား ခရီးလေး ထွက်နေကြပါတယ်။ တောင်ကိုရီးယားမင်းသား ဟွန်ဘင်းကConfidential Assignment 2: International ဇာတ်လမ်းတွဲ ရိုက်ကူးရင်းနဲ့ တော်တော်လေး မအားမလပ် ဖြစ်နေခဲ့တာဖြစ်ပါတယ်။ 

Google 
Google 
Google 

Confidential Assignment 2: International ဇာတ်လမ်းတွဲက စက်တင်ဘာလ ၇ ရက်နေ့မှာ ထွက်ရှိလာတာဖြစ်တာကြောင့် ဟွန်ဘင်းက အချိန်စာရင်းတွေအပြည့်နဲ့ မအားမလပ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ Chuseok အားလပ်ရက်အချိန်ကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဟွန်ဘင်းက အားလပ်ရက်ပထမနေ့နဲ့ ဒုတိယနေ့မှာ သူ့ရဲ့ မိသားစုနဲ့အတူတူ ပျော်ပွဲစားထွက်ရင်း ဖြတ်သန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

Google 
Google 

မိသားစုနဲ့ အချိန်ကုန်ဆုံးပြီး စက်တင်လာလ ၁၁ ရက်နေ့နဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ဟွန်ဘင်းကConfidential Assignment 2: International ရဲ့ ပရိသတ်တွေ့ဆုံပွဲ တက်ရောက်ဖို့ ရှိတယ်လို့ အချိန်စာရင်း အရ သိရပါတယ်။ ဟွန်ဘင်းရဲ့ အချိန်စာရင်းတွေကတော့ တကယ်ကို ရှေ့ပိတ်နောက်ပိတ်နဲ့ အပြည့်ဖြစ်နေတာပါ။ 

Google 
Google 

တောင်ကိုရီးယားမင်းသား ဟွန်ဘင်းက ဇနီးဖြစ်သူ တောင်ကိုရီးယားမင်းသမီး ဆွန်ရီဂျင်းနဲ့ လက်ထပ်ပြီးနောက်မှာအလျင်အမြန် ဖခင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးက နာမည်ကြီးစုံတွဲလေးဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ စောင့်ကြည့်ခြင်းကိုလည်း ခံနေရပါတယ်။ 

Google 
Google 

လက်ရှိမှာဆိုရင် ဟွန်ဘင်းက သူချစ်ရတဲ့ ဇနီးချောလေးနဲ့ ချစ်စရာ ရင်သွေးလေးတို့နဲ့အတူ အားလပ်ရက် အပန်းဖြေ ပျော်ပွဲစားလေး ထွက်နေတာပဲ ဖြစ်ပါတယ်။ ချစ်စရာ ရင်သွေးလေးနဲ့အတူ အားလပ်ရက်ခရီး အတူတူ ထွက်နေကြတဲ့ Binjin စုံတွဲလေးရဲ့ သတင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။