တောင်ကိုရီးယားမင်းသမီး ဂျန်ဂျီဟွန်း ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Burberry ရဲ့global ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ 

Google
Google
Google

နာမည်ကျော်မင်းသမီး ဂျန်ဂျီဟွန်း ဟာဆိုရင်Jirisan ဇာတ်လမ်းတွဲ ထဲမှာ ပါဝင်သရုပ်ပြီးကတည်းက အချိန်တော်တော်လေး ငြိမ်နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှသတင်းထူးတစ်ခုနဲ့ ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်လိုက်တာ ဖြစ်ပါတယ်။ 

Google

ဂျန်ဂျီဟွန်း က အသက် ၄၀ ကျော်အရွယ်ရှိနေပြီ ဖြစ်ပြီး ကလေးနှစ်ယောက်အမေဖြစ်ပါတယ်။ ဒါပေမယ့်လည်းပြိုင်ဘက်များတဲ့ တောင်ကိုရီးယား အနုပညာလောကမှာတော့ သူမက ပြိုင်စံရှားတစ်ယောက် ဖြစ်နေတုန်း ပဲ ဖြစ်ပါတယ်။ 

Google
Google

စက်တင်ဘာလ ၇ ရက်နေ့က ကမ္ဘာ့ထိပ်တန်း ဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Burberry က ဂျန်ဂျီဟွန်း ကိုglobal ambassador အဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ Burberry အနေနဲ့ တောင်ကိုရီးယားအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ကို global ambassador အဖြစ် ခန့်အပ်တာ အခုတစ်ခေါက်ကပထမဦးဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။ 

Google
Google

ဂျန်ဂျီဟွန်း ဟာဆိုရင် My Love From The Star ၊ Legend of The Blue Sea နဲ့ အခြားနာမည်ကြီး အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေ များစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။ 

Google
Google
Google

ဂျန်ဂျီဟွန်း က ၂၀၁၂ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ထားပြီး သားလေး ၂ ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ အသက် ၄၀ ကျော် ကလေး ၂ယောက်အမေဖြစ်နေပေမယ့်လည်း ဂျန်ဂျီဟွန်း ရဲ့ အောင်မြင်မှုက လူငယ်တွေထက်တောင် ပိုနေပါသေးတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။