Happy Birthday ပါမကြီးစိုးရေ..

ဒီနေ့သြဂုတ်လ(၃၁)ရက်နေ့က ပရိသတ်အချစ်တော်နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ စိုးမြတ်သူဇာရဲ့ မွေးနေ့ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုင်းပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်တဲ့အတွက် သူမရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကို စွဲလမ်းနှစ်သက်တဲ့ပရိသတ်တွေလည်း ရှိကြပါတယ်

အနုပညာသက်တမ်းလျှောက် ၀ါရင့်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့ သူမဟာ အကယ်ဒမီဆုတွေရရှိထားသူလည်း ဖြစ်ပါတယ်။

ဒါ့ပြင် စိုးညီအစ်မတွေထဲမှာ သမီးလတ်ဖြစ်ပြီး စိုးမြတ်နန္ဒာ စိုးပြည့်သဇင် နဲ့ စန္ဒီမြင့်လွင်တို့ရဲ့ အစ်မကြီးတစ်ယောက်အဖြစ် အနုပညာမှာ စံနမူနာ ယူစရာ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ သူမရဲ့ မွေးနေ့ရက်မြတ်မှာတော့ သူမကိုချစ်တဲ့ မိတ်ဆွေတွေအပါအဝင် သူငယ်ချင်းဖြစ်တဲ့ မြတ်ကေသီအောင် ၊ မေသဥ္ဖာဦး နဲ့ စိုးပြည့် တို့ညီအစ်မတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေကိုယ်စီ ပေးကြတာကိုတွေ့ရပါတယ်။

သူမရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ချစ်ခင်အားပေးသူတိုင်းက မွေးနေ့အတွက်ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။

မကြီးစိုးတစ်ယောက် အသက်ရှည်ရောဂါဘယတွေကင်းပြီး ဒီထက်မက အနုပညာလုပ်ငန်းတွေအောင်မြင်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။  

သတင်းအရင်းမြစ် facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။