တောင်ကိုရီးယားနာမည်ကြီးမင်းသား Joo Jin-mo ဟာဆိုရင် နာမည်ပျက်တစ်ခုကြောင့် ၂ နှစ်ကြာ အနုပညာလောကကနေ ပျောက်သွားပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ် ပရိသတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Joo Jin-mo က သူငယ်ချင်းဖြစ်သူနဲ့အတူ အမျိုးသမီးတွေကိုစော်ကားတဲ့ မတ်ဆေ့ရှ်တွေ ပေါက်ကြားခဲ့ပြီးနောက်မှာ တစ်သက်လုံး ထိန်းထားတဲ့ နာမည်ကောင်း ပျက်စီးခဲ့တဲ့ သူဖြစ်ပါတယ်။ အဆိုပါ ကိစ္စဖြစ်ပြီးတဲ့နောက်မှာ Joo Jin-mo ကိုယ်တိုင်လည်း အရမ်းကို အရှက်ရခဲ့ပြီး အနုပညာလောကကနေ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ 

Google 
Google 
Google 

စက်တင်ဘာလ ၇ ရက်နေ့မှာတော့ Joo Jin-mo ရဲ့ ညှိုးငယ်နေတဲ့ ဓာတ်ပုံလေးတစ်ပုံဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ဒီဓာတ်ပုံလေးကို Joo Jin-mo ရဲ့ အမျိုးသမီး ဖြစ်သူ Min Hye-yeon က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “မနေ့က အမျိုးသားရဲ့ မွေးနေ့ညစာ” ဆိုတဲ့ စာသားလေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။ 

Google 
Google 
Google 

ဓာတ်ပုံထဲမှာ Joo Jin-mo က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ထိုင်ခုံစားပွဲပေါ်မှာ ထိုင်နေပြီး အစားအစာလေးတွေ ပြင်ဆင်ချက်ပြုတ်နေတာဖြစ်ပါတယ်။ Joo Jin-mo ပုံစံက ပျော်ရွှင်နေတဲ့ ပုံစံမရှိဘဲ မျက်နှာဟာဆိုရင်လည်း ညှိုးငယ်နေပြီး ကိုယ်အလေးချိန်လည်း ကျနေပါတယ်။ 

Google 

Joo Jin-mo ဟာဆိုရင် လျို့ဝှက် မတ်ဆေ့ရှ်စာတွေ ပေါက်ကြားခဲ့တုန်းက စော်ကားမိခဲ့တဲ့ အမျိုးသမီးကို သေသေချာချာ ခေါင်းညွတ်ပြီး တောင်းပန်ခဲ့တဲ့သူဖြစ်ပါတယ်။

Google 
Google 

ဒါပေမယ့်လည်း Joo Jin-mo က သူ့ရဲ့အပြစ်ကို တစ်သတ်လုံး နောင်တရနေပြီး အရမ်း ရှက်နေခဲ့ပါတယ်။ လက်ရှိအချိန်အထိ အနုပညာ လှုပ်ရှားမှုတွေ ပြန်မလုပ်သေးသလို ပရိသတ်တွေရဲ့ အရှေ့ကိုလည်း ရောက်မလာတော့တဲ့ မင်းသားကြီး Joo Jin-mo ရဲ့ ပုံရိပ်ကို အခုလို ပြန်တွေ့ရတဲ့အတွက် ပရိသတ်တွေကလည်း စိတ်ဝင်စားမှု များပြားနေကြပါတယ်။ 

Google 

တောင်ကိုရီးယားမင်းသားကြီး Joo Jin-mo ဟာ A Frozen Flower ၊ Empress Ki အပါအဝင် အခြား နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။