တောင်ကိုရီးယားမင်းသမီး Jeon Hye Bin ဟာဆိုရင် မကြာခင်မှာ ကလေးတစ်ယောက်အမေ ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို Jeon Hye Bin က စက်တင်ဘာလ ၇ ရက်နေ့မှာ သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “ဒီနေ့ နေလို့ အရမ်းကောင်းတယ် ။ အဝါရောင်နဲ့ ဗိုက်က ပူပူဆိုတော့ ဖရဲသီးလိုမျိုးပဲနော် ..” ဆိုတဲ့စာသားလေးနဲ့ ဗိုက်ကလေး ထွက်နေတဲ့ ပုံလေးကို တင်ပေးလာတာဖြစ်ပါတယ်။ 

Instagram
Instagram
Instagram

Jeon Hye Bin ရဲ့ ကိုယ်ဝန်က ရင့်နေပြီး နောက်လဆိုရင် မီးဖွားတော့မှာ ဖြစ်တာကြောင့် ဗိုက်ကတော်တော်လေး ပူနေပါတယ်။ Jeon Hye Bin ရဲ့ ပုံရိပ်လေးကို ပရိသတ်တွေက အရမ်းချစ်နေပြီး ဗိုက်ပူပူလေးနဲ့ ချစ်ဖို့အရမ်းကောင်းကြောင်း .. ဖရဲသီးနဲ့ မတူကြောင်း ပြောထားကြပါတယ်။ 

Instagram

တောင်ကိုရီးယားမင်းသမီး Jeon Hye Bin ဟာဆိုရင် လက်ထပ်ပြီ ၃ နှစ်အကြာမှာ ရင်သွေးလေးကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Jeon Hye Bin ရဲ့ ခင်ပွန်းဖြစ်သူက သွားဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ Jeon Hye Bin မီးဖွားမယ့်ရက်ကတော့ အခု ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာပဲ ဖြစ်ပါတယ်။ 

Google
Google
Google

Jeon Hye Bin ဟာ ၂၀၀၂ ခုနှစ်ကတည်းက LUV အဖွဲ့နဲ့ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး Another Miss Oh ၊ Revolutionary Sisters ၊ Gunman in Joseon နဲ့ အခြား ဇာတ်လမ်းတွဲတွေ များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။