ထိုင်းနာမည်ကြီးမင်းသမီး Sawika Chaiyadech ဟာဆိုရင် Forex-3D အမှုနဲ့ အကျဉ်းထောင်ထဲကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ Sawika Chaiyadech ဟာဆိုရင် အကျဉ်းကျနေခဲ့တာဖြစ်တာကြောင့် လက်ရှိမှာဆိုရင် ထောင်ထဲရောက်နေတာ ၂၁ ရက်ကြာသွားပြီပဲဖြစ်ပါတယ်။ 

Google 
Google 

Sawika Chaiyadech က လက်ရှိမှာ စစ်ဆေးမေးမြန်းနေတဲ့ ကြားခံနယ်ကနေ ထောင်ထဲကိုရောက်ရှိသွားခဲ့ပြီလို့ သိရပါတယ်။ ထိုင်းမင်းသမီး Sawika Chaiyadech ဟာဆိုရင် အမှုမှန် ပေါ်ပေါက်ဖို့ အတွက် ဖမ်းဆီးခံထားပေမယ့်အခြား အပြစ်သားတွေလိုမျိုး ဆံပင်ညှပ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ပြုပြင်ထိန်းသိမ်းရေး ဌာန ညွှန်ကြားရေးမှူး ချုပ်ကတော့ Sawika Chaiyadech က ဆံပင် အညှပ်ခံလိုက်ရပေမယ့် အခြား အကျဉ်းသားတွေလိုမျိုး မဟုတ်ဘဲ စုစည်းနိုင်ရုံအထိ ရသေးတယ်လို့ ဆိုထားပါတယ်။  

Google 

ဆံပင်အရောင်ကိုလည်း ဆံပင်ဖြူနေတဲ့ သူတွေ အနက်ရောင် ဆိုးလို့ ရပေမယ့် အခြား အရောင်တော့ ဆိုးလို့ မရဘူးလို့ သူမက ဆက်ပြီး ရှင်းပြခဲ့ပါတယ်။ အကျဉ်းထောင်ထဲ ရောက်ရှိနေတဲ့သူတွေတိုင်း ထောင်တွင်းစည်းကမ်းကို လိုက်နာရမှာဖြစ်တာကြောင့် Sawika Chaiyadech ကိုလည်း အခြား ထောင်သားများနဲ့ တန်းတူ ဆက်ဆံရခြင်းဖြစ်တယ်လို့ ဆက်လက်ပြီး ဖြေရှင်းပေးထားပါတယ်။ 

Google 
Google 

Sawika Chaiyadech က အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး ထိုင်းနာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Koom Nang Kruan ၊ Khum Sab Lum Kong နဲ့ Reuan Rom Ngiw စတဲ့ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။ Sawika Chaiyadech  ဟာ ဘတ်သန်းချီတဲ့ ငွေကြေးလိမ်လည်မှု အစီအစဉ်ဖြစ်တဲ့ Ponzi အစီအစဉ် မှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ Ponzi အစီအစဉ်ဟာ လူတွေကို ရင်းနှီးမြုပ်နှံလာစေဖို့အတွက်သွေးဆောင် ဖျားယောင်းပြီး အမြတ်ငွေ ၆၀ က နေ ၈၀ ရာခိုင်နှုန်းအထိ ရရှိမယ်လို့ မတ်လုံးပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

Google 
Google 

Sawika Chaiyadech အပါအဝင် လူ ၁၉ ယောက်ကို ထိုင်းအာဏာပိုင်တွေက ငွေကြေးလိမ်လည်မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ Sawika Chaiyadech ရဲ့ ပြစ်မှုက မသေချာ မရေရာသေးတဲ့အချိန်မှာ အခုလိုမျိုး အပြစ်ရှိတဲ့ထောင်သားတစ်ယောက်လိုမျိုး ဆက်ဆံခံရတဲ့အပေါ် ပရိသတ်တွေက ဝိုင်းဝန်း အပြစ်တင်ထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။