Fast & Furious ဇာတ်လမ်းရဲ့ သရုပ်ဆောင် တွေ ဖြစ်ကြတဲ့ Vin Diesel နဲ့ Ludacris တို့ဟာ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ Jordana Brewster ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ မင်္ဂလာပွဲအခမ်းအနားမှာ Paul Walker   ရဲ့ သမီးလေး Meadow Walker ကို Vin Diesel နဲ့ Ludacris တို့က မိသားစုဝင်အရင်းတွေလိုမျိုး စောင့်ရှောက်ပေးနေတဲ့ ပုံရိပ်လေးဟာ ပရိသတ်တွေ ကြားမှာ စိတ်ဝင်စားမှု များစွာ ရရှိနေခဲ့ပါတယ်။ 

Google 
Google 

Meadow Walker ရဲ့ အသက်က ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမရဲ့ ချစ်လှစွာသော ဖခင်ကြီးက သူမ အသက် ၁၅ နှစ်အရွယ်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ Meadow Walker လေးက ဖခင်ကြီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးသွားခဲ့ရပေမယ့် ဖခင်ကြီးရဲ့ သူငယ်ချင်းတွေကြောင့် သူမရဲ့ ဘဝက ဘယ်တော့မှ အထီး မကျန်ခဲ့ပါဘူး။ အခုတစ်ခေါက်မှာလည်း Meadow Walker က Jordana Brewster ရဲ့ မင်္ဂလာပွဲကို ဖခင်ကြီးရဲ့ သူငယ်ချင်းတွေနဲ့ အတူ ဂုဏ်ယူ ဝင်ကြွားစွာနဲ့ တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေ ဝေမျှပေးလာခဲ့ပါတယ်။ 

Instagram 

ဓာတ်ပုံလေးတွေကို Meadow Walker က “မိသားစု” ဆိုတဲ့ စာသားလေးနဲ့ အတူ တင်ပေးခဲ့တာဖြစ်ပြီး မြင်တွေ့ရတဲ့ မြင်ကွင်းလေးက အရမ်းကို ကြည်နူးဖို့ ကောင်းလွန်းလှပါတယ်။ 

Google 

Meadow Walker မင်္ဂလာပွဲကျင်းပခဲ့တဲ့ အချိန်တုန်းကလည်း Paul Walker   က ဖခင်ဖြစ်သူ ကိုယ်စားနေရာကနေ သတို့သမီးလေးကို လက်တွဲပြီး လမ်းလျှောက်ပေးခဲ့ပါတယ်။

Google 
Google 
Google 

သူငယ်ချင်းဖြစ်သူရဲ့ သမီးလေးကို ကိုယ့်ရဲ့ သွေးသားအရင်းလိုမျိုး အမြဲတမ်းစောင့်ရှောက်ပေးနေတဲ့ မိတ်ဆွေကောင်းတွေကြောင့် Paul Walker   ကြီးလည်း အခု အချိန်လောက်ဆို တမလွန် ဘဝမှာ စိတ်ချသွားနိုင်နေလောက်ပါပြီနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။