တောင်ကိုရီးယား မင်းသမီး Gong Hyo Jin ဟာဆိုရင် ချစ်သူကောင်လေးနဲ့ အမေရိကားကို လိုက်မသွားခင်မှာမွေးရပ်မြေ တောင်ကိုရီးယားမှာ သာမန်လူတစ်ယောက်လိုမျိုး ပေါ့ပါးစွာရှောက်သွားနေခဲ့ပါတယ်။ Gong Hyo Jin လျှောက်သွားနေတဲ့ ပုံရိပ်ကို Gong Hyo Jin က သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ “ဆိုးလ်မြို့က ရာသီဥတုကနေသာပါတယ် .. မှတ်တိုင်တွေ တစ်နေရာပြီး တစ်နေရာ သွားနေရင်း မှန်ကန်တဲ့နေရာရောက်ဖို့ ကြိုးစားသွားပါမယ်..” ဆိုတဲ့စာသားလေးနဲ့တင်ခဲ့ပါတယ်။ 

Google 
Google 
Google 

ဓာတ်ပုံလေးတွေထဲမှာ Gong Hyo Jin က ဘက်စ်ကားစီးပြီး ဆင်ခြေဖုန်းဈေးထဲကို သူငယ်ချင်းနဲ့အတူတူ လျှောက်သွားနေတာကို တွေ့ရပါတယ်။ Gong Hyo Jin ဟာ နာမည်ကြီး မင်းသမီးတစ်ယောက်ဆိုပေမယ့်လည်း လမ်းဘေးက စားသောက်ဆိုင်မှာ ဝင်ရောက်စားသောက်ရင်း ပေါ့ပေါ့ပါးပါးနဲ့ လူလွတ်ဘဝကို ခံစားနေတာဖြစ်ပါတယ်။Gong Hyo Jin က တန်ဖိုးနည်း ဂျင်းဘောင်းဘီလေးကို ဝတ်ထားပြီး အင်္ကျီလေးကိုလည်း ပေါ့ပေါ့ပါးပါးလေးဝတ်ဆင်ထားပါတယ်။ 

Google 
Google 
Google 

မှတ်တိုင်တစ်ခုကနေ တစ်ခုဆီကို ဘက်စ်ကားစီးသွားပြီးနောက်မှာ Gong Hyo Jin က လမ်းဘေးဈေးတန်းလေးကိုရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယား လမ်းမ ထက်ပေါ်မှာ ပေါ့ပေါ့ပါးပါး လျှောက်သွားနေတဲ့ Gong Hyo Jin ကအောက်တိုဘာလ မှာ မင်္ဂလာဆောင်တော့မှာပဲ ဖြစ်ပါတယ်။ 

Google 

Gong Hyo Jin က မင်္ဂလာမဆောင်ခင် မွေးရပ်မြေ ကိုရီးယားမှာ ပေါ့ပေါ့ပါးပါး လျှောက်သွားနေခဲ့တာဖြစ်ပါတယ်။ အမေရိကားကို မသွားခင် လူလွတ်လေး ဘဝနဲ့အမှတ်တရတွေ ချန်ထားချင်လို့ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ရဲ့ ပေါ့ပါးတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။