တောင်ကိုရီးယားသရုပ်ဆောင်စုံတွဲနှစ်ဦးဖြစ်တဲ့ Jin Tae Hyundai နဲ့ Park Si Eun တို့ဟာ ရင်သွေးလေးကို ဆုံးရှုံးသွားပြီးနောက်မှာ ပထမဦးဆုံး အကြိမ်အနေနဲ့ ဂျယ်ဂျူကျွန်းကို ရောက်ရှိနေခဲ့ပါတယ်။ ဒီအကြောင်းကို မင်းသားJin Tae Hyun က သူ့ရဲ့အမျိုးသမီး ဖြစ်သူက တစ်နေရာကိုသွားချင်တာကြောင့် ပြီးခဲ့တဲ့ အပတ်က ဂျယ်ဂျူကျွန်းမှာ ရှိနေခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

Google 

ပရိသတ်တွေက အဆိုပါ ဂျယ်ဂျူကျွန်းဟာ သူတို့နှစ်ဦး ရင်သွေးလေး ကိုယ်ဝန်လွယ်ထားရစဉ်တုန်းက နောက်ဆုံးအကြိမ်သွားခဲ့တဲ့ နေရာလေး ဖြစ်နေတာကို သိရှိနေကြတာကြောင့် စိတ်မကောင်း ဖြစ်နေကြပါတယ်။ စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေကို မင်သား Jin Tae Hyun က စိတ်မကောင်းမဖြစ်ကြဖို့ ၊ သူတို့နှစ်ဦးအတူတူရှိနေကြောင်း ၊ ဇနီးသည်ကို ခေါ်ဆောင်သွားဖို့ လှပတဲ့ နေရာလေးတွေကို အကြုံပြုပြောကြားပေးစေလိုကြောင်းဆိုထားပါတယ်။ 

Google 
Google 
Google 

Jin Tae Hyun နဲ့  Park Si-eun တို့ စုံတွဲလေးက သူတို့ရဲ့ ရင်သွေးလေး မွေးဖို့ရက် ၂၀ အလိုမှာပဲ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ သူတို့ စုံတွဲနှစ်ဦးက ၂၀၁၅ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုအချိန်အထိ ကလေး အဖက်မတင်ကြသေးပါဘူး။ 

Google 
Google 
Google 

၂၀၁၉ ခုနှစ်တုန်းကတော့ သူတို့နှစ်ဦးက မိဘမဲ့ ကလေးကျောင်းက ကလေးမလေးတစ်ယောက်ကို ခေါ်ယူမွေးစားခဲ့တယ်လို့ ကြားသိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။