Girls’ Generation အဖွဲ့ဝင် Im Yoon-ah ဟာဆိုရင် တောင်ကိုရီးယားသရုပ်ဆောင် Hyun Bin နဲ့ ချစ်ခန်းကြိုက်ခန်း ရိုက်ရမယ့်အပေါ် ဇနီးသည်ဖြစ်သူ Son Ye Jin ရဲ့ အခြေအနေကို အသိပေးပြောကြားလိုက်ပါတယ်။ 

Google 

ဒီအကြောင်းအရာကို Son Ye Jin က Confidential Assignment 2: International ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ Confidential Assignment 2: International ဇာတ်လမ်းမှာ Im Yoon-ah က အဓိကခေါင်းဆောင်မင်းသမီး ဖြစ်ပြီး Hyun Bin ကတော့ အဓိက ဇာတ်ဆောင်မင်းသမီး ဖြစ်ပါတယ်။ 

Google 

Hyun Bin နဲ့ ချစ်ခန်းကြိုက်ခန်း ရိုက်ရမယ့်အပေါ် Im Yoon-ah က သရုပ်ဆောင် နှစ်ဦးစလုံးနဲ့ စီနီယာ ဂျူနီယာ ဆက်ဆံရေးဖြစ်ပြီး အရမ်းခင်မင်ကြတယ်လို့ ဆိုပါတယ်။ Im Yoon-ah က Hyun Bin ရဲ့ ဇနီးဖြစ်သူ Son Ye Jin နဲ့လည်း အရမ်းခင်တာကြောင့် အချင်းချင်း အပြည့်အဝ နားလည်မှုရှိပြီး Son Ye Jin ကိုယ်တိုင်လည်း ဖိအားတစ်ခု အနေနဲ့ ခံစားရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Google 

အချင်းချင်း ရှိန်နေ ကြောက်နေစရာ မလိုတဲ့ ဆက်ဆံရေး ဖြစ်တာကြောင့် သူမအနေနဲ့ အလုပ်လုပ်ရတာ အကောင်းဆုံး ဖြစ်တယ်လို့ Im Yoon-ah က ဆိုပါတယ်။

Google 

Confidential Assignment 2: International ဇာတ်လမ်းတွဲဟာဆိုရင် ဘတ်ဂျက်အများကြီး သုံးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။