KARA အဖွဲဝင်ဟောင်း Jiyoung ဟာဆိုရင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ Sulli ရဲ့ အုပ်ဂူဘေးနားကိုသွားပြီး သူငယ်ချင်း ကြိုက်နှစ်သတ်တဲ့ အရာလေးတွေကို သယ်သွားခဲ့ပါတယ်။ Jiyoung က သွားလေသူ သူငယ်ချင်း ကြိုက်နှစ်သတ်တဲ့ မက်မွန်သီးလေးတွေကို Sulli ရဲ့ အုပ်ဂူလေးဆီကိုသွားပြီး “Jin Ri ကြိုက်တဲ့ဟာလေးတွေ ယူသွားဖြစ်တယ်” လို့ ဆိုပါတယ်။ 

Google

အဆိုပါ ဗီဒီယိုလေးထဲမှာ Jiyoung က Sulli ရဲ့ အုပ်ဂူလေးကို လက်ကလေးနဲ့ပွတ်သပ်နေပြီး စိတ်မကောင်း ဝမ်းနည်းဖြစ်နေခဲ့တာဖြစ်ပါတယ်။ KARA အဖွဲဝင်ဟောင်း Jiyoung ဟာဆိုရင် ကွယ်လွန်သွားတဲ့ တောင်ကိုရီးယား သရုပ်ဆောင် အဆိုတော် Sulli ရဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အရမ်းကို ချစ်ကြပြီး ရင်းနှီးကြလွန်းလို့ ကြက်ဥ အခွံနဲ့ ကြက်ဥအနှစ် လို့တောင် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပါတယ်။ Jiyoung နဲ့ Sulli နှစ်ဦးက ညီအစ်မတွေလို မျိုး ရင်းနှီးကြပြီးအရမ်းကို ချစ်ကြတာကြောင့် လူတိုင်း အားကျရတဲ့ သူလေးတွေ ဖြစ်ပါတယ်။ 

Google
Google
Google
Google

Sulli က ၂၀၁၉ ခုနှစ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ကွယ်လွန်ဆုံးပါသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Sulli ကွယ်လွန်သွားတာ ၃ နှစ်တိတိ ပြည့်သွားပြီပဲဖြစ်ပါတယ်။

Google
Google

Sulli မကွယ်လွန်သွားခင်တုန်းကလည်း သူမရဲ့ သူငယ်ချင်း Jiyoung က ဘယ်လိုအခက်အခဲတွေပဲ ရှိနေ ရှိနေ သူမရဲ့ အနားမှာ အမြဲ နေပေးတဲ့သူလို့ ဆိုခဲ့ပါတယ်။

Google
Google

ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာသွားပေမယ့် သူငယ်ချင်းဖြစ်သူကို လုံးဝမမေ့သေးတဲ့ အမြဲတမ်းအောက်မေ့သတိရနေတဲ့ တောင်ကိုရီးယား အိုင်ဒေါလေး  Jiyoung  ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။