တောင်ကိုရီးယားမင်းသမီး ဟန်ဂါအင်း ဟာဆိုရင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့အချိန်မှာ မျက်ရည်များစွာနဲ့ သူမရဲ့အဖြစ်ကို ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။ ဟန်ဂါအင်း ဟာဆိုရင် သူမရဲ့ စိတ်မကောင်းဖွယ် ခံစားချက်တွေကို မထိန်းနိုင်ခဲ့ပါဘူး။ 

Google 

ဟန်ဂါအင်းဟာ ကလေး မွေးဖွားပြီးနောက်မှာ မိခင်တစ်ယောက်အဖြစ် နေထိုင်ခဲ့ရပြီး သရုပ်ဆောင်လောကထဲကို ပြန်လည်ခြေလှမ်းခွင့် မရရှိခဲ့ပါဘူး။ အခုအချိန်မှ ပြန်လည်ပြီး နာမည်အရင်းနဲ့ Sing For Gold  အစီအစဉ်မှာ သီချင်း သီဆိုခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ နာမည်အရင်းဖြစ်တဲ့ ကင်ဟွန်းဂျိုနာမည်နဲ့ သီချင်း ပြန်လည်သီဆိုခွင့် ရခဲ့တဲ့အတွက်လည်း ဟန်ဂါအင်း ကအရမ်း ဝမ်းသာပျော်ရွှင်ကြောင်း ဆိုခဲ့ပါသေးတယ်။ 

Google 

အဆိုပါအစီအစဉ်လေးနာမည်က “Sing For Gold“ ဖြစ်ပြီး choruses လှလှလေးတွေကို ဖျော်ဖြေမှုနဲ့အတူ ပူးတွဲတင်ဆက်ရမယ့် ကိုရီးယားရဲ့ ပထမဦးဆုံး ဖျော်ဖြေမှု choir battle audition အစီအစဉ်ဖြစ်ပါတယ်။

Google 
Google 

 Sing For Gold ကို J. Y. Park က ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး တေးရေးဆရာ Kim Hyung-seok ၊ ကကွက်ဆရာ Lia Kim ၊ အဆိုတော် Lee Mu-jin တို့အပြင် သရုပ်ဆောင် ဟန်ဂါအင်းတို့လည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Google 
Google 

ဟန်ဂါအင်းဟာဆိုရင် အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောင်မြင်ကျော်ကြားမှုတွေ များစွာရရှိခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ ဟန်ဂါအင်းက တောင်ကိုရီးယား နာမည်ကြီးမင်းသား ယွန်းဂျယ်ဟွန်း နဲ့ ၂၀၀၅ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 

Google 
Google 

ဟန်ဂါအင်းက လက်ရှိမှာ သမီးလေးတစ်ယောက် သားလေး တစ်ယောက်ကို မွေးဖွားထားပြီးအနုပညာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ခြင်း မရှိတော့ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။