မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင် ဟွန်ဘင်းရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ ဟွန်ဘင်းက WWD Korea အတွက် အဆိုပါ ဓာတ်ပုံကို ရိုက်ပေးခဲ့တာဖြစ်ပြီး ရိုက်ကူးခဲ့တဲ့ တည်နေရာက ဆွစ်ဇာလန်မှာ ဖြစ်ပါတယ်။
![](https://s9.kh1.co/ab/ab7905b7ea31cd547cd6d4a157a0693472c4fb7a.jpeg)
ဓာတ်ပုံထဲမှာ ဟွန်ဘင်းက အရမ်းကို ကျက်သရေရှိပြီး ချစ်ဖို့ကောင်းနေပြီး ယောကျာ်းပီသလွန်းနေတာကိုထင်ရှားစွာ တွေ့ရပါတယ်။ ဟွန်ဘင်းက ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ပြောစရာမလိုအောင် ပြည့်စုံလွန်းတဲ့သူဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်ပီပီ ပြည့်စုံလွန်းတဲ့ ဟွန်ဘင်းက ကျက်သရေရှိလွန်းလှတဲ့ သူလည်းဖြစ်ပါတယ်။
![](https://s9.kh1.co/82/82925e9dec33ebbe550ecb03958fad3dbe827be2.jpeg)
ဟွန်ဘင်းဝတ်ဆင်ထားတဲ့ ဝတ်စုံလေးနဲ့ လူနဲ့က ရုပ်တုတစ်ခုအလား ကြည့်လို့ကောင်းနေပြီး ပြည့်စုံလွန်းနေပါတယ်။ကျယ်ပြန့်တဲ့ ပုခုံး ၊ ကျစ်လစ်သန်မာတဲ့ ပုံစံ ၊ သေးသွယ်တဲ့မျက်နှာနဲ့ ချောမောနေတဲ့ ဟွန်ဘင်းရဲ့ ပုံရိပ်လေးဟာပရိသတ်တွေ များစွာရဲ့ အာရုံစိုက်မှုကိုလည်း ရရှိနေပါတယ်။ ထွက်ရှိလာတဲ့ ဓာတ်ပုံလေးတွေထဲမှာ ဟွန်ဘင်းကဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
![](https://s9.kh1.co/2d/2dd96f1a70f921ae8b21961f29d017b3d8ecc478.jpeg)
![](https://s9.kh1.co/30/3017dc7b8429b9c63d932bbd6b66863e2b68c5a1.jpeg)
တောင်ကိုရီးယားမင်းသား ဟွန်ဘင်းဟာဆိုရင် မင်းသမီး ဆွန်ရီဂျင်းနဲ့ မတ်လ ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီးပထမဦးဆုံး ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီပဲဖြစ်ပါတယ်။
![](https://s9.kh1.co/ef/ef902febee7de314e3d5cd2008fd841d7a63196d.jpeg)
![](https://s9.kh1.co/f8/f8fb2519883172853406e48d5ad549f7d7cb072a.jpeg)
ဆွန်ရီဂျင်းက ရင်သွေးလေးကို တက်နိုင်သမျှပြုစုစောင့်ရှောက်မှု ပေးနေပြီး သူမရဲ့ ခင်ပွန်းဖြစ်သူ ဟွန်ဘင်းကတော့ ဆွစ်ဇာလန်နိုင်ငံမှာ ရိုက်ကူးရေး လုပ်နေတာဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။