တောင်ကိုရီးယား မိန်းကလေးများ အဆိုတော်အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jisoo ရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ပြန့်နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာ Jisoo က ဂျပန်နိုင်ငံက လမ်းမထက်မှာ သာမန်သူတွေလိုမျိုး ပျော်ရွှင်စွာနဲ့ သွားလာစားသောက်နေတာဖြစ်ပါတယ်။ 

Google
Google
Google

ဒါပေမယ့်လည်း ဓာတ်ပုံတွေရဲ့ အရည်အသွေးက အရမ်းမကောင်းတာကြောင့် အစစ်အမှန် မဟုတ်ဘူးဆိုပြီး ပရိသတ်တွေက ဝေခွဲမရဖြစ်နေပါတယ်။ ပရိသတ်တွေက နာမည်ကြီး အနုပညာရှင်တစ်ယောက်က အခုလိုမျိုး သာမန်လူတွေလို လျှောက်သွားလျှောက်စားနေတာ မဖြစ်နိုင်ဘူးလို့ မှန်းဆခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Jisoo က တကယ်ပဲ Don Quijote မှာ ရှိနေခဲ့ပြီး လူအုပ်ကြားထဲမှာ လျှောက်သွားနေခဲ့တာဖြစ်ပါတယ်။ ပကာသနမရှိတဲ့ Jisoo က ဈေးတန်းထဲကို လျှောက်သွားခဲ့သလို လမ်းဘေးက ခေါက်ဆွဲပြုတ်ကိုလည်း သဘောကျနှစ်သတ်စွာ စားသုံးခဲ့ပါတယ်။ ပရိသတ်တွေနဲ့လည်း အတူတူ ဖော်ရွေစွာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ 

Google
Google
Google
Google

Jisoo အပြင် အခြား Blackpink အဖွဲ့ဝင်တွေဖြစ်တဲ့ Jennie နဲ့ Lisa တို့ဟာဆိုရင်လည်း လူအုပ်ကြားထဲမှာ လုံခြုံရေး မပါဘဲ လျှောက်သွားနေကြတာဖြစ်တာကြောင့် ပရိသတ်တွေက YG ကုမ္ပဏီဘက်ကို ဝိုင်းဝန် အပြစ်တင်ထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။