အားလုံးပဲ စိတ်ဝင်စားနေကြတဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲ Big Mouth ရဲ့ မြုပ်ကွက်ကြီး တစ်ခုဖြစ်တဲ့ Big Mouse ဇာတ်ကောင်းကို ပြီးခဲ့တဲ့ အပိုင်း ၁၂ မှာ တရားဝင် ဖော်ပြပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ Big Mouse က ပေါ်လာပြီး တစ်ခန်းတည်းမှာပဲ ဗုံးပေါက်ပြီး ကြွက်ကင် ဖြစ်သွားတာကြောင့် ပရိသတ်တွေကလည်း Big Mouse  ဆိုတာကို မယုံချင် ယုံချင် ဖြစ်နေကြပါတယ်။ Big Mouse လို့ ပြောတဲ့ ဗေဒင်ဆရာ အဘိုးကြီးက တကယ်ပဲ Big Mouse အစစ်သာဆိုရင် အခုလိုမျိုး လွယ်လွယ် မသေလောက်ဘူးလို့ မင်မင်ကတော့ ထင်ပါတယ်။ 

Google 

ဗေဒင်ဆရာ အဘိုးကြီးက Big Mouse အစစ်ကို ကာကွယ်ပေးချင်လို့ အခုလိုမျိုး နာမည်ခံလိုက်တာလား ? ပတ်ချန်းဟိုကို နောက်ကွယ်ကနေ ကာကွယ်ပေးချင်တဲ့ သူကရော ဘယ်သူလဲ? ဗေဒင်ဆရာ အဘိုးကြီးက တကယ် သေသွားတာရော ဟုတ်ရဲ့လား?  စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့ နောက်အပတ် အပိုင်းသစ်မှပဲသိရမယ်လို့ ထင်မိပါတယ်။ 

Google 
Google 
Google 

မင်မင်အနေနဲ့ ပြောရမယ်ဆိုရင်တော့ Big Mouse ကို ဗေဒင်ဆရာ အဘိုးကြီးလို့ လုံးဝ မထင်ပါဘူး။ ကဲ ပရိသတ်ကြီးရော .. ဘယ်သူလို့ထင်ကြလဲ ထင်တဲ့သူကို ဖြေခဲ့ကြပါဦး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။