တောင်ကိုရီးယား မင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် ရင်သွေးလေးမီးဖွားပြီးနောက်မှာ အရင်ကထက်ပိုပြီး ပျော်ရွှင်နေပါတယ်။ ပတ်ရှင်ဟေး က ကလေးမီးဖွားပြီးနောက် သူမရဲ့ ပုံရိပ်လေးတွေကို နေ့တိုင်းလိုလို ဝေမျှပေးလေ့ရှိပြီးအခုတစ်ခေါက်မှာလည်း ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ 

Google 

ပတ်ရှင်ဟေးက ရင်သွေးလေး စက်တင်ဘာလ ၄ ရက်နေ့မှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တဆင့်ခင်ပွန်းဖြစ်သူနဲ့ အတူတူ ပြတိုက်သွားနေတဲ့ ပုံရိပ်လေးတွေ တင်ပေးခဲ့တာဖြစ်ပါတယ်။  

Google 
Google 

ဓာတ်ပုံထဲမှာ ပတ်ရှင်ဟေးက အဖြူရောင် ဂါဝန်လှလှလေးကို sneakers လေးနဲ့ တွဲဝတ်ထားပြီး ကလေး တစ်ယောက် အမေလို့ မထင်ရအောင် ငယ်ရွယ်နုပျိုနေတာ ဖြစ်ပါတယ်။ ပတ်ရှင်ဟေးက ပြတိုက်ကို ခင်ပွန်းဖြစ်သူနဲ့အတူတူ သွားတဲ့ ပုံစံလေး ဖြစ်ပြီး အရမ်းကို ကြည်နူးဖို့ကောင်းပြီး ချစ်စရာကောင်းလွန်းနေပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးက ခင်ပွန်းဖြစ်သူ ချွဲတေဂျွန်းနဲ့ ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလမှာ လက်ထပ်ခဲ့ပြီး သားဦးလေးကို မေလ မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပတ်ရှင်ဟေးက မိသားစုနဲ့အတူတူ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပြီး အနုပညာ လှုပ်ရှားမှုတွေကနေ ရပ်နားထားပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။