စိုင်းစိုင်း ဟာ သူ့ရဲ့ မိသားစုကိစ္စတွေ နှင့် ပတ်သက်ပြီး ဘယ်တော့မှ ပရိသတ်တွေကို ချပြလေ့မရှိပါဘူး။ စိုင်းစိုင်းတို့ မောင်နှမလေးယောက်ထဲမှာလဲ စိုင်းစိုင်းကလွဲရင် ကျန်တဲ့ သူတွေကလည်း အနုပညာလောက နှင့် ဝေးကွာတဲ့ သူတွေဖြစ်တာကြောင့် စိုင်းစိုင်းရဲ့ မောင်နှမတွေအကြောင်း မသိကြတာများပါတယ်။
စိုင်းစိုင်းတစ်ယောက်ကတော့ ဖွေးဖွေးနှင့် အတူ Samsung ပွဲသွားတက်ပြီးနောက်ပိုင်း မြန်မာပြည်ကို ပြန်မလာဘဲ UK က လန်ဒန်မှာ သူ့မောင်နှမတွေနှင့်အတူတွေ့ဆုံခဲ့ပါတယ်။ စိုင်းစိုင်းက သူတို့မောင်နှမလေးယောက်အတူရှိတဲ့ အချိန်ဟာ ဆယ်တန်းပြီးကတည်းကရွှေလိုပဲရှားခဲ့တယ်ဆိုပြီးပြောထားပါတယ်။
'ဆယ်တန်းပြီးကတည်းက မောင်နှမလေးယောက်အတူတူရှိတဲ့ အချိန်ဆိုတာ ရွှေလိုပဲ ရှားတယ် တက္ကသိုလ်တက်တော့လည်း တစ်ယောက်တစ်မြို့ တစ်ယောက်တစ်ရွာ တစ်ယောက်တစ်နေရာ ရေကြည်ရာ မြက်နုရာ အဲဒီနောက်ပိုင်း လေဆိပ်တွေဆိုတာ ပြန်ဆုံရင် ပျော်ရွှင်စရာ လိုက်ပို့ရင် ကြွေချင်စရာ တခါတခါဆို လေဆိပ်တစ်ခုတည်းကနေ တစ်ယောက်လေယာဉ်တစ်စီးပေါ်တက် လက်ပြခွဲခွာ အခုလည်းပဲ ဘယ်နေ့ပြန်ဆုံမယ်မသိ နှုတ်ဆက်ခဲ့ရပြန်ပြီ
Bye guys , bye for now ..
I hope to see you very soon ..
good bye and good luck ..
( And I'd like to thank you so much, Emirates for this trip )
#SAIaroundtheworld ??
#FlyWithEmirates' ဆိုပြီး မောင်နှမလေးယောက်အတူတူပါတဲ့ ဗီဒီယိုနှင့်အတူတင်ခဲ့ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။