တရုတ်ပြည်နယ် ရဲ့ အဓိက မြို့ကြီး တစ်မြို့ဖြစ်တဲ့ ချန်ဒူးမြို့ကြီးမှာ ကူးစက်လူနာအသစ် ၁၅၇ ဦး တွေ့ရှိခဲ့တယ်လို့ဆိုကာ လော့ဒေါင်းချတော့မယ်ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ 

Photo credit to original uploader 

ကြေညာချက်ထုတ်ပြန်ပြီး မကြာခင်မှာပဲ လူ၂၁ သန်းနေထိုင်တဲ့တရုတ်မြို့ကြီးမှာ Panic Buying ဝယ်ယူမှုတွေ ဖြစ်ပေါ်နေပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

ချန်ဒူးမြို့က ပြည်သူတွေ လူကြီး ၊ လူငယ် ကလေးပါမကျန် ရိက္ခာတွေဝယ်စုပြီး တိုးတိုးကြိတ်ကြိတ်ဝယ်ယူနေတဲ့မြင်ကွင်းဟာလည်း အင်တာနက် အသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်လျှက်ရှိပါတယ်။

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

အစိုးရကနေ လော့ဒေါင်းပြန်ချတော့မယ်ဆိုတဲ့ ကြေညာချက်ကြောင့် အိမ်မှာ စားစရာတွေ မပျက်တောက်ရေးအတွက် အခုလိုမျိုးအလုအယက်စျေးဝယ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အလုအယက်စျေးဝယ်ယူမှုတွေမှာ ဝက်တွေ အကောင်လိုက်ကားထဲထည့်ခြင်း ၊ ကြက်အရှင်တွေအတွဲလိုက် ခေါင်မိုးထပ်မှာ ချိတ်ဆွဲထားခြင်း ၊အသားအစိမ်းတွေကို ကားထဲပစ်ထည့်ခြင်းတွေအထိ ရှိနေတာကြောင့် သာမန်မဟုတ်တဲ့ စိုးရိမ်မှုလွန်ကဲတဲ့ စျေးဝယ်ခြင်း ပုံစံမျိုးတွေ ဖြစ်ပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

တရုတ်နိုင်ငံအစိုးရအနေနဲ့ လည်း ကိုဗစ်ရောဂါ ကူးစက်ပျံံ့နှံ့မှု ထပ်ပြီး မဖြစ်ပွါးရေးအတွက် အထူးတလည်ကြိုးစားဆောင်ရွက်လျက်ရှိနေတာကို တွေ့ရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။