ပရိသတ်တွေအားကျချစ်ခင်ရတဲ့ စုံတွဲလေးဖြစ်တဲ့ ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီး Kimmy တို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ပြီး နားလည်မှုအပြည့်နဲ့နှစ်တွေအကြာကြီး Relationship ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဧပြီလတုန်းကလည်း လက်ထပ်ခွင့်တောင်းလိုက်တာဖြစ်ပြီး Kimmy ကလည်း လက်ခံလိုက်တာကြောင့် ပရိသတ်တွေကလည်း သူတို့ရဲ့ လက်ထပ်ပွဲလေးတွေကို စောင့်မျှော်နေကြတာပါ။

ဩဂုတ်လ (၉) ရက်နေ့က Kimmy က event ပွဲလေးတစ်ခုကို တက်ရောက်ခဲ့တာဖြစ်ပြီး သတင်းထောက်တွေကလည်း သူတို့ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြတာပါ။

Kimmy က “ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး၊ ဒါပေမယ့် နက္ခဆရာမကတော့ အကောင်းဆုံး ရက်ရာဇာကို ရွေးပေးထားပါတယ်။

အဲ့ရက်တွေထဲကမှာ ကျွန်မနဲ့ Mark Prin နဲ့ နှစ်ယောက်လုံးကြိုက်တဲ့နေ့ကို ပြန်ရွေးရမှာပါ။ လောလောဆယ်တော့ နှစ်ယောက်လုံးကြိုက်တဲ့ရက်က မတူသေးတာကြောင့် ရက်က အတိအကျထွက်မလာရသေးတာပါ။ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲကိုတော့ နောင်နှစ်မှာ ကျင်းပဖြစ်မှာတော့ သေချာပါတယ်။

နိုင်ငံခြားက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကိုလည်း လာလို့ရအောင် ရက်အပိုတွေပါ ရွေးထားပါသေးတယ်။ ” လို့ပြောခဲ့ပါတယ်။ ဒါ့အပြင့် မင်္ဂလာဝတ်စုံနဲ့ ပတ်သက်ပြီးလည်း နေ့တိုင်းကြည့်ဖြစ်ကြောင်း ပြောပါတယ်။ ဝတ်စုံတွေက အကုန်လုံးလှနေတော့ အကုန်လုံးကို ဝတ်ချင်ကြောင်းလဲ ပြောပြခဲ့ပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။