တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုရဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက မပြည့်ခဲ့ရတဲ့ ဆန္ဒလေးဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ 

Google
Google

အနုပညာလောကထဲကို ရောက်ရှိနေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကြာသွားခဲ့ပြီဆိုပေမယ့် ဆောင်းဟေကိုရဲ့ အကြောင်းအရာများက ပရိသတ်တွေကြားမှာ ဆွေးနွေးပွဲကြီး တစ်ခုလို တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဆောင်းဟေကိုက ချမ်းသာကြွယ်ဝပြီး အောင်မြင်တဲ့သူတစ်ယောက်ဆိုပေမယ့် အချစ်ရေးမှာတော့ ကံခေလွန်းတဲ့ သူလေးဖြစ်ပါတယ်။ 

Google
Google

မကြာသေးမီက ပရိသတ်တစ်ယောက်က လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဆောင်းဟေကိုရဲ့ ဆန္ဒလေးကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။  အဲဒီအချိန်တုန်းက တီဗီရုပ်သံ အစီအစဉ်တစ်ခုက ဆောင်းဟေကိုကို နောက်နှစ်ပေါင်း ၁၀နှစ်ကြာတဲ့အချိန်မှာ ဘယ်လိုဘဝမျိုး လိုချင်လဲဆိုတဲ့ မေးခွန်းကို မေးခဲ့တာဖြစ်ပါတယ်။ ဆောင်းဟေကိုက နောက်နှစ်ပေါင်း ၁၀ နှစ်ကြာသွားရင် လူတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်း ၊ ပြီးရင် သားသမီးလေးတွေ မရှက်ရတဲ့မိခင်ကောင်း တစ်ယောက်ဖြစ်ချင်ကြောင်း ဖြေကြားပြောဆိုခဲ့ပါတယ်။ အဖြေလေးကတိုတောင်းလွန်းပေမယ့် သူမရဲ့ ဆန္ဒလေးကတော့ ရိုးသားဖြူစင်လွန်းပါတယ်။ 

Google

ဒါပေမယ့်လည်း ၁၅ နှစ်ကြာသွားတဲ့အချိန်အထိ ဆောင်းဟေကိုဟာ သူမလိုချင်တဲ့ ဘဝလေးကို မရရှိခဲ့ပါဘူး။ဆောင်းဟေကိုဟာ လီဗြောင်ဟွန်း ၊ ဟွန်ဘင်းနဲ့ အခြားနာမည်ကြီး မင်းသားတွေ များစွာနဲ့ ချိန်းတွေ့ခဲ့ပြီး ဆောင်းဂျွန်ကီနဲ့ လက်ထပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

Google

 ဒါပေမယ့်လည်း သူမ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးကတော့ စိတ်မကောင်းစွာနဲ့ပဲမပြည့်မြောက်ခဲ့ပါဘူး။ 

Google

လက်ရှိမှာဆောင်းဟေကိုက ဘဝကြီးကို အလှပဆုံးနေထိုင်လျက်ရှိပြီး လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးတစ်ခုကိုလည်း မေ့ပျောက်ထားတဲ့ ပုံရပါတယ်။ 

Google

ဒါပေမယ့်လည်း သူမရဲ့ ဆန္ဒလေးကတော့ ဘယ်တော့မှပျောက်ကွယ်သွားမှာတော့ မဟုတ်ပါဘူး။ နာမည်ကြီးမင်းသမီးဆောင်းဟေကိုရဲ့ မပြည့်မြောက်လိုက်ရတဲ့ တစ်ချိန်တစ်ခါက ဆန္ဒလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။