တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးဟာဆိုရင် မကြာသေးမီက ကလေးမွေးဖွားပြီးနောက်မှာ ပေါ့ပေါပါးပါးနေနေတဲ့ ပုံရိပ်လေးတွေ ဝေမျှပေးလာခဲ့ပါတယ်။ 

Instagram 

 ပတ်ရှင်ဟေးက သူမက သာမန်သူတွေလိုမျိုးနေထိုင်နေတယ်ဆိုတဲ့ အကြောင်းကို စက်တင်ဘာလ ၂ ရက်နေ့တုန်းက အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပုံလေးတွေနဲ့ သက်သေပြပေးခဲ့တာ ဖြစ်ပါတယ်။ 

Instagram 

ပတ်ရှင်ဟေး တင်ခဲ့တဲ့ ပုံရိပ်လေးတွေထဲမှာ လမ်းဘေးက စားသောက်ဆိုင်ကို သွားပြီး အသားကင်နဲ့ ဆိုဂျူးကိုသာမန်လူတွေလိုမျိုး စားသောက်ခဲ့တာလေးတွေ ထင်ရှားစွာတွေ့ရပါတယ်။ 

Instagram 
Instagram 

ပတ်ရှင်ဟေး အသားကင်စားခဲ့တဲ့ဆိုင်မှာ အခြား ပရိသတ်တွေလည်း ရှိနေခဲ့ပြီး ပတ်ရှင်ဟေး စားနေတဲ့ ပုံစံလေးကိုအရမ်းသဘောကျတယ်လို့ ပြောထားကြပါတယ်။ 

Instagram 
Instagram 

တောင်ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးက တောင်ကိုရီးယားမင်းသား ချွဲတေဂျွန်းနဲ့ ဇန်နဝါရီလမှာ လက်ထပ်ခဲ့ပြီးလက်ထပ်ပြီးနောက် ၄ လအကြာမှာ သားဦးလေးကို ကျန်းကျန်းမာမာနဲ့ ဖွားမြင်ခဲ့ပါတယ်။ 

Google 

လက်ရှိမှာဆိုရင် ပတ်ရှင်ဟေးက အနုပညာ လှုပ်ရှားမှုတွေ အားလုံးကနေ ရပ်နားထားပြီး သာမန်လူတစ်ယောက်လိုမျိုး နေထိုင် စားသောက် နေတာ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။