တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး အနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ဂျက်ကီချမ်းဟာဆိုရင်ဟန်ကျိုးပြည်မှာ ကြီးမားထည်ဝါတဲ့ အိမ်ကြီးတစ်အိမ်ကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဂျက်ကီချန်း ဝယ်ယူခဲ့တဲ့ အိမ်ကြီးက ခမ်းနားကြီးကျယ်လွန်းပြီး အိမ်တွင်းမှာ ရွှေတွေနဲ့ပါ အလှတန်ဆာဆင်ထားတယ်လို့ သိရပါတယ်။ 

Google 

ဂျက်ကီချန်းက အဆိုပါ အိမ်ကြီးဆီကို ကိုယ်ပိုင် ဟယ်လီကော်ပတာကြီးစီးပြီး သွားရောက်လေ့ရှိတယ်လို့ သိရပြီးအိမ်တက်ပွဲကိုလည်း ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အိမ်ကြီးရဲ့ တန်ဖိုးကအမေရိကန်ဒေါ်လာ ၈.၁ သန်းအထိ ရှိပြီး ဈေးကြီးလွန်းပါတယ်။ အမေရိကန် ဒေါ်လာ ၈.၁ သန်းက အိမ်ကြီးတစ်လုံးတည်းရဲ့ တန်ဖိုးဖြစ်ပြီး အိမ်ကြီးကို အလှဆင်ထားတဲ့ ရွှေတွေရဲ့ တန်ဖိုး မပါသေးပါဘူး။ 

Google 

အိမ်သစ်တက်ပွဲမှာ ဂျက်ကီချန်းက သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ များစွာကို ဖိတ်ကြားခဲ့ပြီးကောင်းမွန်စွာ ပြင်ဆင် ချက်ပြုတ် တည်ခင်း ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။ တန်ဖိုးမြင့် အိမ်အသစ်ကြီးပေါ်ကနေမြစ်ကြီးကို  ၃၆၀ ဒီဂရီအထိ မြင်တွေ့ရပါတယ်။ 

Google 
Google 
Google 

အိမ်ကြီးကို ကျက်သရေရှိစွာ ထူးထူးခြားခြား ပြင်ဆင်မွန်းမံထားပြီး မီးဆိုင်းမီးပန်းတွေကို ရွှေအစစ်တွေနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မျက်နှာကြက်တွေကိုလည်း 18 K ရှိတဲ့ ရွှေတုံးတွေနဲ့ အလှဆင်ထားတာကြောင့် မြင်ရတာ အရမ်းကို မျက်စိ ပသာဒ ရှိလွန်းလှပါတယ်။ 

Google 

ထည်ဝါလွန်းတဲ့ အိမ်အသစ်ကြီးမှာ လူ့စည်းစိမ်ကို အပြည့်အဝခံစားရတော့မယ့် မင်းသားကြီး ဂျက်ကီချန်းရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။