Big Mouth ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယားမင်းသား Lee Jong Suk ဟာဆိုရင် မကြာသေးမီက ဇာတ်ဝင်ခန်းထဲမှာ သုံးခဲ့တဲ့ စာသားတွေကြောင့် ပရိသတ်တွေ ရဲ့ ဝေဖန်ခြင်းကို တခဲနက် ရရှိနေခဲ့ပါတယ်။ အထူးသဖြင့် ထိုင်း လူမျိုးတွေဆီကနေ မကောင်းတဲ့ ဝေဖန်ချက်တွေ ရရှိနေတဲ့ Lee Jong Suk ဟာလူမျိုးရေး ခွဲခြားတယ်ဆိုပြီး ဝေဖန်ခြင်း ခံနေရတာဖြစ်ပါတယ်။ 

Google 

Lee Jong Suk ဝေဖန်ခံနေရတဲ့ ဇာတ်ဝန်ခန်းက အပိုင်း ၂ မှာဖြစ်ပြီး Lee Jong Suk  ရန်စတဲ့ စကား ပြောလိုက်တဲ့အခန်းမှာ ဖြစ်ပါတယ်။ ဝေဖန်ခံနေရတဲ့ Lee Jong Suk ရဲ့ ဇာတ်ဝင်ခန်း စာသားကို အောက်မှာ ဖော်ပြပေးသွားပါမယ်နော်။ 

Google 
Google 

“မင်းရဲ့ အမေက မင်းကို မွေးတုန်းက ရေညှိဟင်းချို သောက်ခဲ့ရဲ့လား? မင်းလို စိတ်မနှံ့တဲ့ကောင်မွေးလာဖို့ ဘာတွေများ စားခဲ့လို့လဲ သိချင်လိုက်တာ .. တုန်ရန်း ဟင်းချိုများ သောက်ခဲ့လို့လား” 

Google 

လို့ ပြောခဲ့ပါတယ်။ အဆိုပါ စာသားက ထိုင်းပရိသတ်တွေကို များစွာ ထိခိုက်စေခဲ့ပြီး ထိုင်း ရိုးရာအစားအသောက်ဖြစ်တဲ့ တုန်ရန်းဟင်းချိုကိုပါ စော်ကားရာရောက်ခဲ့တာကြောင့် ထိုင်းပရိသတ်တွေက များစွာ ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။  

Google 

Lee Jong Suk ပြောခဲ့တဲ့ စာသားက တုန်ရန်း ဟင်းချိုသောက်ရင် မွေးလာတဲ့ ကလေးက ဆိုက်ကိုလေး ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် ပရိသတ်တွေက များစွာ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ တချို့ထိုင်းပရိသတ်တွေကလည်း ကိုရီးယားကနေ ထိုင်း ဘာသာ ပြန်လိုက်တဲ့ အခါမှာ ဘာသာပြန်ရဲ့ အမှားကြောင့်များ ဖြစ်ခဲ့တာလားဆိုပြီး မေးခွန်းတွေ မေးထားကြပါတယ်။ ဒါပေမယ့် တုန်ရန်းဆိုတဲ့ အသုံးအနှုန်းက မှန်ကန်နေတာကြောင့်အင်တာနက် အသုံးပြုသူတွေက အခုလိုမျိုး မှတ်ချက်တွေ အများအပြားပေးထားကြပါတယ်။

Google 

“ငါကြည့်လိုက်တုန်းကတော့ ဘာမှ ပြဿနာ မရှိတဲ့ပုံပါပဲ .. သူတို့ တကယ်ပဲ တုန်ရန်းဟင်းချိုဆိုတဲ့ အသုံးအနှုန်းကို သုံးထားတာလား ?”

“ဒီစကားလုံးက အရှေ့တောင်အာရှနိုင်ငံတွေကို စော်ကားလိုက်တာပဲ ..”

“မင်းတို့ရော .. ငါတို့ထိုင်းကားတွေက ကင်ချီဟင်းချို သောက်လို့ ဆိုက်ကို ဖြစ်တာလို့ ပြောရင် ဒေါသထွက်မှာပဲမဟုတ်လား .. ငါတို့လည်း ဒေါသထွက်တယ် ..”

Google 

ထိုင်းနိုင်ငံက ယဉ်ကျေးမှုကို စော်ကားသလိုမျိုး ဖြစ်ခဲ့တဲ့ အသုံးအနှုန်းကို သုံးမိခဲ့တဲ့ Big Mouth ရိုက်ကူးရေး အဖွဲ့ကတော့ အခုအချိန်အထိ ဘာတစ်ခုမှ ဖြေရှင်းချက် မပြုလုပ်ပေးသေးပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။