တောင်ကိုရီးယား ယောကျာ်းလေးများ အဆိုတော်အဖွဲ့ ဖြစ်တဲ့ BIGBANG ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ G-Dragon ဟာဆိုရင် မကြာသေးမီက Blackpink အဖွဲ့ဝင် Jennie နဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟလတွေ ထွက်ခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။

Google 
Google 

 လက်ရှိမှာ လည်း G-Dragon နဲ့ တောင်ကိုရီးယား နာမည်ကြီး မင်းသမီးတို့ အတူတွဲရိုက်ကူးထားတဲ့ဓာတ်ပုံဟာ ပရိသတ်တွေ ကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံက Chanel event မှာဖြစ်ပြီး  G-Dragon က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ G-Dragon က နာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့မင်းသမီးကြီး Ko So Young ရဲ့ ပခုံးကို ဖက်ထားပြီး ဘေးချင်းကပ်လျက် နီးကပ်စွာ ရပ်နေတာ ဖြစ်ပါတယ်။ 

Google 

ဒီဓာတ်ပုံက G-Dragon တစ်ယောက် BLACKPINK အဖွဲ့ဝင် Jennie နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ်နာမည်ကြီး အမျိုးသမီးတစ်ယောက်နဲ့တွဲပြီး ဓာတ်ပုံရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။  

Google 
Google 

ဒီဓာတ်ပုံလေးကို မင်းသမီး Ko So Young က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၂ ရက်နေ့က တင်ခဲ့တာဖြစ်ပါတယ်။

Google 
Google 

 အချင်းချင်း အရမ်းကို နီးနီးကပ်ကပ်ရှိနေကြတဲ့ ပုံစံကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှု မြင့်တက်ခဲ့ပေမယ့် သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးကတော့ သာမန် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးထက်မပိုကြဘူးလို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။