တောင်ကိုရီးယား နာမည်ကျော်မင်းသမီး Gong Hyo Jin ဟာဆိုရင် ရှေ့လမှာ သူမထက်အသက် ၁၁ နှစ်ငယ်တဲ့ချစ်သူကောင်လေး kevin oh နဲ့ လက်ထပ်တော့မှာပဲ ဖြစ်ပါတယ်။ မင်းသမီး Gong Hyo Jin က ချစ်သူကောင်လေးနဲ့ လက်မထပ်ခင်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့ပါတယ်။ 

Google 
Google 

စက်တင်ဘာလ ၁ ရက်နေ့မှာ မင်းသမီး Yoon Seung Ah က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ“အိမ်နီးနားချင်းတွေနဲ့ တွေ့ဆုံပွဲ မလုပ်ခဲ့တာ အချိန်နည်းနည်းတောင် ကြာသွားခဲ့ပြီ “ ဆိုတဲ့ စာသား လေးနဲ့ ဓာတ်ပုံလေးတွေဝေမျှခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ သူမနဲ့ အတူ မကြာခင်လက်ထပ်တော့မယ့် သတို့သမီးလောင်းလေး Gong Hyo Jin ကိုပါ တွဲပြီးတွေ့ရပါတယ်။ Gong Hyo Jin က အိမ်နီးချင်းတွေအတွက် နှုတ်ဆက်ပါတီပွဲလေး လုပ်ပေးတဲ့ ပုံစံ ဖြစ်ပါတယ်။ 

Google 
Google 

မကြာသေးမီကလည်း Gong Hyo Jin က သူမရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလေး လုပ်ခဲ့ပါသေးတယ်။ Gong Hyo Jin က မြန်မာတွေရဲ့ ဓလေ့နဲ့ နှိုင်းယှဉ်ပြောရရင် မင်္ဂလာ မဆောင်ခင်မှာ သူငယ်ချင်းတွေနဲ့ တွေ့သလိုပဲ ဖြစ်ပါတယ်။ 

Google 
Google 

Gong Hyo Jin က ပွဲပါတီမှာ ဝိုင်တွေ မုန့်တွေနဲ့ အခြား စားစရာတွေကို အပြည့်တည်ခင်းထားပါတယ်။ ချစ်ဖို့ကောင်းလွန်းတဲ့ မြင်ကွင်းလေးက ပရိသတ်တွေကိုပါ ကြည်နူးသွားစေခဲ့ပါတယ်။ တောင်ကိုရီးယား မင်းသမီးGong Hyo Jin ရဲ့ ချစ်စဖွယ် ပုံရိပ်လေးကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ် ။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။