BLACKPINK အဖွဲ့ဝင် Jennie ဟာဆိုရင် မကြာသေးမီက အမေရိကားကနေ လေဆိပ်အဝင်မှာ မလုံခြုံသလို ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ လူပြောများနေခဲ့ပါတယ်။ Jennie က MTV Video Music Awards (VMAs) 2022 ဆုပေးပွဲကို တက်ရောက်ပြီးနောက်မှာ လေယာဉ်နဲ့ ကိုရီးယားကို ပြန်လာခဲ့တာဖြစ်ပါတယ်။လေဆိပ်မှာ လူတွေ အများကြီး ရှိနေခဲ့ပေမယ့် ကုမ္ပဏီဘက်က Jennie အတွက် လုံလောက်တဲ့ လုံခြုံရေး မပေးခဲ့ပါဘူး။ သတင်းထောက်တွေနဲ့ ပရိသတ်တွေဆီက တဖျက်ဖျက်လတ်နေတဲ့ မီးရောင်တွေ ကြားမှာ Jennie ကတုံ့နှေးတုံ့နှေးဖြစ်နေခဲ့ပြီး မလုံခြုံသလို ခံစားခဲ့ရပါတယ်။ 

Google

Jennie တစ်ယောက် မလုံမခြုံ ခံစားခဲ့ရတဲ့ ဖြစ်ရပ်က အခုတစ်ခေါက် ပထမဦးဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၂၁ခုနှစ် နိုဝင်ဘာလတုန်းကလည်း Jennie က ကိုရီးယားနဲ့ အမေရိကားမှာ တဖျက်ဖျက် လတ်နေတဲ့ မီးအလင်းရောင်တွေကြားမှာ အနေခက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းကလည်း အင်ချွန်း အင်တာနေရှင်နယ် လေဆိပ်မှာJennie က လူအုပ်ကြားထဲမှာ စိတ်ရှုပ်လွန်းလို့ မျက်နှာပျက်ခဲ့ရပါတယ်။ ဒါကြောင့် ပရိသတ်တွေက Jennie အတွက် လုံလောက်တဲ့ လုံခြုံရေးတွေ ပေးဖို့ YG ကို တောင်းဆိုခဲ့ကြပါတယ်။ 

Google
Google
Google

မကြာသေးမီကလည်း Jennie နဲ့ BTS အဖွဲ့ဝင် V တို့ ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ပရိသတ်တွေက မိန်းကလေး တစ်ယောက်ရဲ့ သိက္ခာကြောင့် Jennie ဘက်ကနေ ပြန်လည် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ကုမ္ပဏီဘက်က မလှုပ်ခဲ့ပါဘူး။ ဒီကိစ္စက ပရိသတ်တွေကို ပိုပြီး ဒေါသဖြစ်စေခဲ့ပြီး အိုင်လ်ဒေါတစ်ယောက်ကို လုံလောက်တဲ့ ကာကွယ်မှု မပေးဘူးလို့ ဆိုကာ ဝေဖန်ခဲ့ပါတယ်။ YG အင်တာတိန်းမန့်က Jennie နဲ့G-Dragon ချိန်းတွေ့နေတယ်ဆိုတဲ့ သတင်းထွက်ရှိခဲ့တုန်းကလည်း ပြန်လည် မဖြေရှင်းပေးခဲ့ပါဘူး။ 

Google
Google
Google

Jennie ကို YG Princess လို့ ခေါ်ခဲ့ကြပေမယ့် ရရှိခဲ့တဲ့ ဆက်ဆံပုံတွေက မင်းသမီးလေး တစ်ယောက်လို မဟုတ်ခဲ့ပါဘူး။ ကောလာဟလကို အချိန်ကြာမြင့်စွာ ဆွဲထားခြင်းက အိုင်လ်ဒေါတစ်ယောက်အတွက် ကောင်းမွန်တဲ့ ကိစ္စမဟုတ်ပါဘူး။ 

Google
Google
Google

အေဂျင်စီတွေ ဘက်ကနေ အချိန်မီ ပြန်ပြီး ဖြေရှင်းပေးသင့်ပါတယ်။ ကုမ္ပဏီဘက်က တရားမျှတစွာ ဆက်ဆံခြင်း မခံရတဲ့ အိုင်လ်ဒေါ Jennie ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

ထွက်ရှိလာသော Leak photo များ
Jennie နဲ့ G-dragon သတင်းထွက်တုန်းကလည်း ပြန်လည် မဖြေရှင်းပေးခဲ့ ..
Jennie နဲ့ V သတင်းထွက်တုန်းက YG ဘက်က ဖြေရှင်းမပေးခဲ့ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။