တောင်ကိုရီးယား ယောကျာ်းလေးများ အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ iKon ရဲ့ အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်တဲ့B.I ဟာဆိုရင် လူသတ်မှုကြောင့် ဆုံးပါးသွားခဲ့ရတဲ့ ပရိသတ် ကောင်မလေးအတွက် သီချင်းတစ်ပုဒ် သီဆိုပေးခဲ့ပါတယ်။ B.I က အဆိုပါ သီချင်းကို မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့က ပရိသတ်တွေ့ဆုံပွဲမှာသီဆိုခဲ့တာဖြစ်ပြီး ပရိသတ်တွေ့ဆုံပွဲကို မလာနိုင်တော့တဲ့ ကောင်မလေးအတွက် ရည်ရွယ်ကာ သီဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Google 

ပရိသတ်တွေ့ဆုံပွဲမှာ B.I က ပရိသတ်တွေ့ဆုံပွဲမှာ ရှိသင့်တဲ့ တစ်စုံတစ်ယောက်အတွက် ရည်ရွယ်တာဖြစ်တယ်လို့ကြေညာပေးခဲ့ပြီး သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုခဲ့တာဖြစ်ပါတယ်။ မိသားစုကို လေးစားသောအားဖြင့်B.I က ကောင်မလေးနဲ့ ပတ်သက်တဲ့ အခြားအကြောင်းအရာတွေ အများကြီးကို မပြောခဲ့ပါဘူး။ သေဆုံးသွားခဲ့ရတဲ့ကောင်မလေးအတွက် Rebirth ဆိုတဲ့ သီချင်းလေးကို သီဆိုပေးပြီး နောက်ဆုံး နှုတ်ဆက်စကားလေး ပြောခဲ့ပေးတာဖြစ်ပါတယ်။ 

Google 
Google 

သီချင်းစာသားလေးက ရင်နာဖို့ကောင်းလွန်းလို့ နားထောင်ခဲ့ရတဲ့သူတွေအားလုံး မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ B.I က နောက်ဘဝဆိုတာသာ ရှိခဲ့ရင် ပြန်ရှာမှာ ဖြစ်ကြောင်း ..အခွင့်အရေးတွေ ရှိရင်ပြန်လည် ဆုံချင်ကြောင်းကိုပါ စာသားလေးထဲ ထည့်သွင်းပြီး သီဆိုထားပါတယ်။ 

Google 
Google 

အသတ်ခံရပြီး သေဆုံးသွားတဲ့ ကောင်မလေးက iKon အဖွဲ့ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် B.I ကိုအားပေးတဲ့ သူလေးလို့ သိရပါတယ်။ သူမက B.I ရဲ့ ပရိသတ်တွေ့ဆုံပွဲကို လာဖို့ လုပ်ထားတဲ့သူလေး ဖြစ်ပြီးပရိသတ်တွေ့ဆုံပွဲ မတိုင်ခင်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

Google 

တောင်ကိုရီးယား ယောကျာ်းလေးအဆိုတော် တစ်ယောက်ဖြစ်တဲ့ B.I ဟာဆိုရင် iKon အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖွဲ့ထဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။