တောင်ကိုရီးယားနာမည်ကျော် စုံတွဲဖြစ်တဲ့ Lee Byung-hun နဲ့ Lee Min-jung တို့ရဲ့ဝယ်ယူထားတဲ့ LA က အိမ်ကြီးအကြောင်းဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ခံနေရပါတယ်။ အခုတစ်ခေါက် အိမ်ကြီးက Lee Byung-hun နဲ့ Lee Min-jung တို့ LA မှာ ဝယ်ယူထားတဲ့ ဒုတိယအကြိမ်မြောက် အိမ်ကြီး ဖြစ်ပါတယ်။ အိမ်ကြီးရဲ့ ကုန်ကျစရိတ်နဲ့တန်ဖိုးအကြောင်းကို Mnet ရဲ့ TMI NEWS SHOW အစီအစဉ်ရဲ့ အပိုင်း ၂၇ မှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။Lee Byung-hun နဲ့ Lee Min-jung တို့က ဈေးအကြီးကို အိမ်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား အချမ်းသာဆုံးအနုပညာရှင် စာရင်းမှာ အဆင့် နံပါတ် ၅ ဖြစ်ပါတယ်။ 

Google 
Google 

Lee Byung-hun က တောင်ကိုရီးယားနိုင်ငံမှာသာမက ဟောလိဝုဒ်မှာအထိ နာမည်ကြီးပြီးအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် အမေရိကားမှာ အိမ်ဝယ်ထားရပါတယ်။ Lee Byung-hun နဲ့ Lee Min-jung တို့ဝယ်ယူခဲ့တဲ့ အိမ်ကြီးက တောင်ကိုရီးယားဝမ် ၂.၃ ဘီလီယံအထိရှိတယ်လို့ သိရပါတယ်။ အိမ်ကြီးရဲ့အာမခံကြေးနဲ့တင် တစ်နှစ်ကို တောင်ကိုရီးယားဝမ် ၁၀ သန်း အထိရှိတယ်လို့ သိရပါတယ်။ အိမ်ကြီးရဲ့အကျယ်အဝန်းက ကြီးမားလွန်းတာကြောင့် လူ ၅ ယောက်ကနေ ၆ ယောက်အထိ နေထိုင်နိုင်တယ်လို့ သိရပါတယ်။ 

Google 
Google 
Google 
Google 

အိမ်ကြီးထဲမှာ အခန်း ၃ ခန်း ၊ ရေချိုးခန်း ၂ ခန်း ရှိပြီး ရေကူးကန်အပါအဝင် လိုအပ်တဲ့အရာတွေ အားလုံးအပြည့်အစုံ ထည့်သွင်းထားပါတယ်။ အမေရိကားမှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ လုံးဝကို မလွယ်ကူတဲ့ အရာကြီး ဖြစ်ပါတယ်။ ငွေတော်တော်လေး သုံးနိုင်မှသာ အိမ်တစ်ယောက် ရအောင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ချမ်းသာကြွယ်ဝလွန်းတဲ့ Lee Byung-hun နဲ့ Lee Min-jung တို့ရဲ့ပိုင်ဆိုင်မှုက အစီအစဉ်တင်ဆက်သူ Boom နဲ့ Mi-joo တို့ကိုတောင် များစွာ အံ့အားသင့်သွားစေပါတယ်။ 

Google 
Google 

တောင်ကိုရီးယားသရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Lee Byung-hun နဲ့ Lee Min-jung တို့က ၂၀၁၃ ခုနှစ် သြဂုတ်လ မှာလက်ထပ်ခဲ့ပြီး Joon-hoo လို့ခေါ်တဲ့ ၈ နှစ်အရွယ် သားလေးကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။