တောင်ကိုရီးယား နာမည်ကျော် စုံတွဲဖြစ်တဲ့ Lee Jang-woo နဲ့ Ham Eun-jung တို့ဟာ တစ်ချိန်တစ်ခါက ပရိသတ်တွေ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ စုံတွဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၁ ခုနှစ်မှာ လိုက်ဖက်လွန်းတဲ့ ပုံစံကြောင့် ပရိသတ်တွေရဲ့ အားပေးမှု များစွာရရှိခဲ့တဲ့ စုံတွဲ ဖြစ်ပါတယ်။ 

Google 
Google 
Google 

သူတို့စုံတွဲ နှစ်ဦးက တကယ့်စုံတွဲ အစစ်တွေလိုမျိုး ရက်ပေါင်း ၅၀၀ ကြာတဲ့ ပရိုဂရမ်တစ်ခုမှာ လက်ထပ်ပြီးသားစုံတွဲလိုမျိုး ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦး ပါဝင်ခဲ့တဲ့ ပရိုဂရမ်လေးက ကြည့်ရှုသူပေါင်းများစွာရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပြီး အပြင်မှာ တကယ်တွဲဖို့အထိ တိုက်တွန်းခံခဲ့ရတာဖြစ်ပါတယ်။ 

Google 
Google 

သူတို့နှစ်ဦးက လိုက်ဖက်လွန်းတာကြောင့် ပရိသတ်တွေက Woo Jung စုံတွဲလေးဆိုပြီး တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးက အပြင်မှာအထိ တကယ်ပဲ တွဲခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် မကြာခင်မှာလမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။

Google 

 ပရိသတ်တွေ များစွာ သဘောတူခဲ့ရတဲ့ စုံတွဲလေးကို ၁၀ နှစ်အကြာမှာတော့တစ်ဖန်ပြန်ပြီး မြင်တွေ့ရတော့မှာ ဖြစ်လို့ ပရိသတ်တွေက များစွာ သဘောတူနေကြပါတယ်။ သူတို့နှစ်ဦးသားကိုအပြင်မှာ တကယ်ပဲ တွဲသွားကြမလားဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာ Lee Jang-woo နဲ့ Ham Eun-jung တို့ နှစ်ဦးက အသက် ၃၀ ကျော်သွားပေမယ့် အိမ်ထောင် ရက်သား မကျသေးပါဘူး။ 

Google 

Lee Jang-woo နဲ့ Ham Eun-jung တို့ကို တစ်ဖန်ပြန်ပြီး မြင်တွေ့ရမယ့် အစီအစဉ်လေးက Untangodo Village Hotel ဆိုတဲ့ အစီအစဉ်လေးဖြစ်ပါတယ်။ 

Google 
Google 

အဆိုပါ အစီအစဉ်လေးက ဖျော်ဖြေရေးအစီအစဉ်တစ်ခုဖြစ်ပြီးအစီအစဉ်မှာ ပါဝင်တဲ့ သူတွေက သူတို့ရဲ့ ဘဝအတွက် အမှတ်တရလေးတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။