တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီဟာဆိုရင် သူ့ရဲ့အငယ်ဆုံး ညီမလေး ဘွဲ့ယူတဲ့ အခမ်းအနားပွဲကိုကိုယ်တိုင် ကိုယ်ကျတက်ရောက်ခဲ့ပါတယ်။ အငယ်ဆုံးညီမလေး ဘွဲ့ယူတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဆောင်းဂျွန်ကီရဲ့ ဓာတ်ပုံလေးတွေကို ဆောင်းဂျွန်ကီရဲ့ အစ်ကို ဖြစ်သူက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေဝေမျှပေးခဲ့တာဖြစ်ပါတယ်။ 

Google 

ကောင်မလေးက ဆောင်းဂျွန်ကီရဲ့ အငယ်ဆုံး ညီမလေးဖြစ်ပြီး လက်ရှိမှာ ဆရာဝန်တစ်ယောက် ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဆောင်းဂျွန်ကီရဲ့ ညီမလေးက ဆိုးလ် အမျိုးသား တက္ကသိုလ်ကနေ ဘွဲ့ရသွားခဲ့ပြီဖြစ်ပေမယ့် ကလေးလေးတစ်ယောက်လိုမျိုး အရမ်းချစ်ဖို့ကောင်းပါတယ်။ 

Google 

ဓာတ်ပုံလေးထဲမှာ ဆောင်းဂျွန်ကီက ညီမ လေးဖြစ်သူရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဂုဏ်ယူစွာနဲ့ တက်ရောက်နေတဲ့ ပုံရိပ်ကို တွေ့ရပါတယ် ။ ဆောင်းဂျွန်ကီက အဖြူရောင် ဦးထုပ် ဆောင်းထားပြီး ပန်းစည်းလေးကိုလည်းကိုင်ထားပါတယ်။ 

Google 

ညီမဖြစ်သူအတွက် ဂုဏ်ယူတဲ့ အပြုံးလေး ပြုံးနေတဲ့ ဆောင်းဂျွန်ကီရဲ့ ပုံရိပ်ဟာ အချိန်ခဏအတွင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဆောင်းဂျွန်ကီက Sungkyunkwan တက္ကသိုလ်ကနေစီးပွားရေးဘွဲ့ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ညီမလေးက ဆိုလ်း တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ 

Google 
Google 
Google 

လက်ရှိမှာဆိုရင် ဆောင်းဂျွန်ကီက JTBC ရဲ့ ဒရမ်မာအသစ်ဖြစ်တဲ့ The Youngest Son of a Conglomerate မှာပါဝင်သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။